ဒီဇင်ဘာ ၁၉

ဂျပန်နိုင်ငံသို့ ဇန်နဝါရီလမှနိုဝင်ဘာလအတွင်း နိုင်ငံခြားခရီးသွား ၃၃ သန်းကျော်ဖြင့် စံချိန်တင် ဝင်ရောက်မှုရှိရာ ၂၀၁၉ ခုနှစ်က နိုင်ငံခြားခရီးသွားဝင်ရောက်မှုထက် စံချိန်တင်မြင့်မားခဲ့ကြောင်း အစိုးရအဖွဲ့က ဖော်ပြထားသည်။ နိုဝင်ဘာလတစ်လအတွင်းမှာပင် နိုင်ငံခြားခရီးသွားဝင်ရောက်မှု ၃၁၈၇၀၀၀ ရှိရာ အစောပိုင်းနှစ်ကထက် ၃၀ ဒသမ ၆ ရာခိုင်နှုန်းပိုမိုခဲ့ကြောင်း ခရီးသွားလုပ်ငန်းအဖွဲ့က ယမန်နေ့ကပြောကြားသည်။

ယခုနှစ် ဇန်နဝါရီလနောက်ပိုင်း နိုင်ငံခြားခရီးသွားဝင်ရောက်မှုပေါင်း  ၃၃၃၇၉၉၀၀ ရှိသည်ဟု သိရသည်။  ၂၀၁၉ ခုနှစ်က နိုင်ငံခြားခရီးသွားဝင်ရောက်မှု ၁ ဒသမ ၅ သန်းရှိကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ခရီးသွားဝင်ရောက်မှု ကျဆင်းခဲ့ကြောင်း ဖော်ပြထားသည်။

၂၀၂၄ ခုနှစ်အတွင်း နိုင်ငံခြားခရီးသွား ၃၅ သန်းကျော်ဝင်ရောက်မှုရှိမည်ဟုယူဆကြောင်း ခရီးသွားလုပ်ငန်း အေဂျင်စီအကြီးအကဲက ပြောသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို