နေပြည်တော် ဒီဇင်ဘာ ၁၈

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပိတ်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၀ ရက်၊ ညနေ ၅ နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ခမ်းနားထည်ဝါစွာနှင့် အနှစ်သာရရှိစွာ စီစဉ်ကျင်းပသွားမည် ဖြစ်သည်။

အဆိုပါ အခမ်းအနား မစတင်မီ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်၊ ဝန်ကြီးဌာနပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ကျင်းပမည်ဖြစ်ရာ ပြိုင်ပွဲမစတင်မီ ခေတ္တရပ်နားချိန်နှင့် ပွဲပြီးချိန်များ၌ နာမည်ကျော် အနုပညာရှင်များနှင့် တေးသံရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများလည်း ပါဝင်မည်ဖြစ်၍ မိဘပြည်သူများ တိုက်ရိုက်ကြည့်ရှုနိုင်ရန်အတွက် ယင်းနေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်မှ စတင်ပြီး မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ ရုပ်သံလိုင်းများဖြစ်သော MRTV – HD၊ MRTV Sports ၊ MRTV Parliament ၊ MRTV Farmers နှင့် MWD HD Channel ၊ MWD Variety HD Channel ၊ အကျိုးတူ ရုပ်သံလိုင်းများဖြစ်သော Channel 7 ၊ 5 plus ၊ Sports 2 ၊ MNTV ၊ M Channel တို့မှ လည်းကောင်း၊ မြန်မာ့အသံရေဒီယိုနှင့် အကျိုးတူ FM များ ဖြစ်ကြသော ပတ္တမြား၊ ချယ်ရီ၊ မန္တလေး၊ ပဉ္စဝတီ၊ ရွှေ၊ ပုဂံတို့အပြင် မိတ်ဖက် FM များဖြစ်ကြသော Star ၊ သဇင် တို့မှ လည်းကောင်း၊ MOI Website ၊ MOI Youtube MRTV Website ၊ MRTV App အပါအဝင် MRTV Online Platform တို့မှလည်းကောင်း တိုက်ရိုက် Live ထုတ်လွှင့်ပြသမည်ဖြစ်သည်။ 

ထို့ပြင် Channel K ၊ Fortune နှင့် YTV တို့မှလည်း Delay ဖြင့် ဆက်လက် ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်