ဆာနား ဒီဇင်ဘာ ၂၂

 

ဟူသီများ ထိန်းချုပ်ထားသည့် ယီမင်နိုင်ငံမြို့တော် ဆာနား၌ ဒီဇင်ဘာ ၂၁ ရက် ညပိုင်းတွင် အမေရိကန်က လေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း ဟူသီများ ထိန်းချုပ်ထားသည့် အယ်မာဆီရာ့ရုပ်သံတွင် ဖော်ပြခဲ့သည်။

 

အက်တန်ဒေသတွင် လေကြောင်းတိုက်ခိုက်မှု ထိမှန်ခဲ့ကြောင်း အသေးစိတ်အချက်အလက်များ မသိရသေးကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြသည်။ လေကြောင်းတိုက်ခိုက်မှုသည် မြို့တော်၏ တောင်ဘက်ပိုင်း ဟူသီအဖွဲ့ ထိန်းချုပ်ထားသော စခန်းဖြစ်သည့် အက်တန် တောင်ရှိ ဒုံးကျည်လက်နက်တိုက်ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆာနားမြို့ခံများက ပြောသည်။

 

အက်တန်တောင်တွင် တိုက်ခိုက်ခံရပြီးနောက် ကြီးမားသည့် ပေါက်ကွဲမှုကြီးကို ကြားလိုက်ရကြောင်း မြို့ခံများကပြောသည်။ အမေရိကန် ဗဟိုကွပ်ကဲမှုအဖွဲ့က ၎င်းတို့တပ်ဖွဲ့ဝင်များသည် ဒုံးကျည် လက်နက်တိုက်များနှင့် ဟူသီများ လုပ်ဆောင်နေသည့် ကွပ်ကဲမှုထိန်းချုပ်ရေး အဆောက်အအုံကို တိကျစွာ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဟု လူမှုကွန်ရက်မီဒီယာပေါ်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

 

ဆင်ဟွာ