ရီယိုဒီဂျနေယိုး ဒီဇင်ဘာ ၂၂
ဘရာဇီးနိုင်ငံ အရှေ့တောင်ပိုင်း ၌ ဘတ်စ်ကားတစ်စီးနှင့် ထရပ်ကားတို့ တိုက်မိမှုဖြစ်ပွားရာ ၃၇ ဦး သေဆုံးခဲ့ပြီး ၁၃ ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု ဘရာဇီးရဲများက ပြောသည်။ မီနက်စ်ဂျီရေ့စ် ပြည်နယ် အဝေးပြေးလမ်းမတွင် ဒီဇင်ဘာ ၂၁ ရက်က မတော်တဆမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ မတော်တဆမှုတွင် ခရီးသည် ကားတစ်စီးလည်း ပါဝင်ကြောင်း ဘတ်စ်ကားမှာ မီးလောင်သွားခဲ့ကြောင်း သိရသည်။ အနီးအနားတွင် ထိုင်ခုံများနှင့် ခရီးဆောင်အိတ်များ ပြန့်ကျဲနေပြီး မီးလောင်ထားသည့်ဘတ်စ်ကားကို ဒေသဆိုင်ရာမီးသတ်ဌာနမှ ရိုက်ကူးထားသည့် ပုံများတွင် တွေ့ရှိရသည်။
ထရပ်ကားပေါ်မှ တင်ဆောင်လာသည့် ကျောက်တုံးကြီးသည် လမ်းပေါ်သို့ပြုတ်ကျပြီး လမ်းတစ်ဖက်မှလာသည့် ဘတ်စ်ကားနှင့်တိုက်မိကာ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ရဲများက ပြောသည်။ ကားတိုက်မှု ဖြစ်ပွားပြီးနောက် မီးလောင်မှုကြောင့် လူအများအပြား သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ရဲများကပြောသည်။ ဒဏ်ရာရရှိ သူ ၁၃ ဦးမှာလည်း စိုးရိမ်ရသည့်အခြေအနေရှိကြောင်းသိရသည်။
အဆိုပါ ဘတ်စ်ကားမှာ ဆော်ပေါ်လိုမြို့မှ ထွက်ခွာလာပြီး အရှေ့မြောက်ပိုင်းပြည်နယ် ဘာဟီရာသို့ ဦးတည်သွားနေသည့် ဘတ်စ်ကားဖြစ်ကြောင်း ပြည်တွင်းမီဒီယာများတွင် ဖော်ပြသည်။
အင်န်အိတ်ချ်ကေ