အစ္စတန်ဘူလ် ဒီဇင်ဘာ ၂၂
တူကီယဲနိုင်ငံ မူဂလာမြို့ အယ်ဂျီ ရန်ပြည်နယ်၌ ဒီဇင်ဘာ ၂၂ ရက်တွင် လေကြောင်းလူနာတင် ရဟတ်ယာဉ်တစ်စင်းမှာ ဆေးရုံအဆောက်အအုံတစ်ခုနှင့် တိုက်မိမှုဖြစ်ပွားပြီးနောက် ပျက်ကျမှု ဖြစ်ပွားသဖြင့် ယာဉ်ပေါ်ပါလေးဦး သေဆုံးခဲ့ကြောင်း သိရသည်။
တူကီယဲကျန်းမာရေးဝန်ကြီးဌာနက ပိုင်ဆိုင်သည့် အဆိုပါရဟတ်ယာဉ်မှာ ပျက်ကျမှုမဖြစ်ပွားမီ မြူနှင်းများ ထူထပ်စွာ ကျရောက်မှုကြောင့် အရှိန်မထိန်းနိုင်ဘဲ ပြည်နယ်ဆေးရုံအဆောက်အအုံနှင့် တိုက်မိခဲ့သည်ဟု အင်န် တီဗွီရုပ်သံက ထုတ်လွှင့်ထားကြောင်း သိရသည်။
ယာဉ်ပေါ်တွင် လေယာဉ်မှူး တစ်ဦး၊ နည်းပညာဝန်ထမ်း တစ်ဦး၊ ဆရာဝန်တစ်ဦးနှင့် ကျန်းမာရေး ဝန်ထမ်းတစ်ဦးတို့ လိုက်ပါခဲ့ပြီး ပဏာမသတင်းများအရ ၎င်းတို့လေးဦးစလုံး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ထားသည်။ ရဟတ်ယာဉ်မှာ ပျံသန်း နေစဉ် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း မူဂလာမြို့အုပ်ချုပ်ရေးမှူး အိုင် ဒရစ်အက်ခ်ဘီရစ်ခ်က ပြောကြားသည်။
ဆင်ဟွာ