ပင်းတယ ဒီဇင်ဘာ ၂၃

 

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် အင်းပလက်ကျေးရွာ အင်းပလက် စိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်း၊ တမဲကျေးရွာ နေရောင်ဦးလယ်ယာနှင့် အထွေထွေသမဝါယမအသင်း၊ ပွေးလှကျေးရွာ ပွင့်လန်းစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းနှင့် ကျုံးကျေးရွာ ရောင်ခြည်ဦးစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းများ၏ သမဝါယမအသင်းသားပိုင် လယ်ယာမြေများတွင် ရေဆင်း(၁) စပ်မျိုးဆီနေကြာစိုက်ပျိုးထားရှိမှုများကို ပြည်နယ် သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးဦးကျော်မိုးတင့်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု၍ သီးနှံအထွက်တိုးစေရေးဆောင်ရွက်ရန်နှင့် လေလွင့်ဆုံးရှုံးမှုနည်းပါးစေရေး အလေးထားဆောင်ရွက်ကြရန် မှာကြားခဲ့သည်။ ဆက်လက်၍ ညောင်ရွှေမြို့နယ် ရွှေခေါင်တိုင် လယ်ယာနှင့်အထွေထွေသမဝါယမအသင်းသားပိုင် နေကြာစိုက်ခင်းများကို ကြည့်ရှုခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်