ပျော်ဘွယ် ဒီဇင်ဘာ ၂၃

 

ပျော်ဘွယ်မြို့နယ်၌ သမဝါယမအသင်းသား တောင်သူများစိုက်ပျိုးထားသည့် မတ်ပဲနှင့် မိုးဝါစိုက်ပျိုးထားမှုအား မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းဇော်ဦးနှင့်အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက ရန်အောင်ကျေးရွာသို့ ရောက်ရှိပြီး အသင်းသားတောင်သူများနှင့် တွေ့ဆုံကာစိုက်ပျိုးထားမှုကို ကြည့်ရှုသည်။

 

မတ်ပဲစိုက်ပျိုးထားမှုနှင့် ပတ်သက်၍ မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်နိုင်ရေး၊ သဘာဝမြေဩဇာများ ထည့်သွင်းအသုံးပြုရေးတို့ကို ရှင်းလင်းဆွေးနွေးပြီး မတ်ပဲစိုက်ပျိုးထားမှုအား ကြည့်ရှုအားပေးသည်။

 

သွင်းအားစုများ ပေးအပ်

 

ဆက်လက်၍ ညွှန်ကြားရေးမှူးနှင့်အဖွဲ့သည် ဖက်တောကျေးရွာ မိုးဝါစိုက်ပျိုးထားသည့် အသင်းသားတောင်သူများနှင့် တွေ့ဆုံ၍ မျိုးကောင်းမျိုးသန့် သုံးစွဲနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်း ရရှိစေရန် သွင်းအားစုများပေးအပ်ခဲ့မှု အခြေအနေများကို ရှင်းလင်းဆွေးနွေးပြီး မိုးဝါစိုက်ပျိုးမှုကို ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

 

မင်းမင်းထွေး(ပျော်ဘွယ်)