ဒီဇင်ဘာ ၂၃
စင်ကာပူနိုင်ငံသို့ နိုဝင်ဘာလအတွင်း ခရီးသွား ၁ ဒသမ ၂၃ သန်းဝင်ရောက်မှုရှိရာ ယခင်နှစ်အလားတူကာလက ခရီးသွားဝင်ရောက်မှုနှင့်နှိုင်းယှဉ်ပါက ၁၂ ဒသမ ၂ ရာခိုင်နှုန်းပိုမိုများပြားခဲ့ကြောင်း ခရီးသွားလုပ်ငန်းအဖွဲ့က သတင်းထုတ်ပြန်ထားသည်။
အဆိုပါခရီးသွားများအနက် အင်ဒိုနီးရှားနိုင်ငံမှခရီးသွား ၁၉၄၄၄၀ ဝင်ရောက်ခဲ့ရာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလက အင်ဒိုနီးရှားခရီးသွားဝင်ရောက်မှုထက် ၅ ဒသမ ၅ ရာခိုင်နှုန်း ပိုမိုခဲ့သည်ဟုသိရသည်။
တရုတ်နိုင်ငံမှခရီးသွား ၁၇၄၇၅၀ ဝင်ရောက်မှုရှိရာ ယခင်နှစ်ကတရုတ်ခရီးသွားဝင်ရောက်မှုထက် ၆၇ ဒသမ ၅ ရာခိုင်နှုန်း မြင့်မားခဲ့ပြီး အင်ဒိုနီးရှားပြီးလျှင် တရုတ်ခရီးသွားဝင်ရောက်မှု ဒုတိယအများဆုံးဖြစ်ကြောင်း ဖော်ပြထားသည်။
ခရီးသွားဝင်ရောက်မှုမြင့်မားလာခြင်းသည် တရုတ်နိုင်ငံနှင့် စင်ကာပူနိုင်ငံတို့ ဖေဖော်ဝါရီလက အပြန်အလှန်ဗီဇာ ကင်းလွတ်ခွင့်ပြုခြင်းကြောင့်ဖြစ်သည်ဟုယူဆရသည်။ ၂၀၂၄ ခုနှစ် ပထမ ၁၁ လအတွင်း တရုတ်ခရီးသွားများဝင်ရောက်မှုသည် စင်ကာပူနိုင်ငံ၏အကြီးမားဆုံးသောခရီးသွားရင်းမြစ်ဖြစ်လာသည်။
နှစ်အလိုက်ခရီးသွားဝင်ရောက်မှုမြင့်မားလာသော်လည်း အောက်တိုဘာလက ခရီးသွားဝင်ရောက်မှု ၁ ဒသမ ၃၁ သန်းရှိရာ နိုဝင်ဘာလအတွင်း ခရီးသွားဝင်ရောက်မှုအနည်းငယ်ကျဆင်းမှုရှိသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို