နေပြည်တော် ဒီဇင်ဘာ ၂၃
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား တစ်နိုင်ငံလုံး အကြားအလပ်မရှိ တောင်တန်း၊ မြေပြန့် မခွဲခြားဘဲ စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း လင်းခေးမြို့နယ်၊ ဟိုတင့်-နန့်အွန် ကျေးရွာချင်းဆက် မြေသားလမ်း ၂ မိုင် ၄ ဖာလုံ ဖောက်လုပ်ခြင်းနှင့် Box Culvert ၇ စင်း တည်ဆောက်ခြင်းလုပ်ငန်းအား ခွင့်ပြုရန်ပုံငွေ ၁၉၃ ဒသမ ၃၁ ကျပ်သန်းဖြင့် ဆောင်ရွက်လျက်ရှိပြီး ရှမ်းပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေး၍ သတ်မှတ်ဘဏ္ဍာရေးနှစ်အတွင်း အရည်အသွေး ပြည့်ဝစွာ ဆောင်ရွက်ပြီးစီးနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
နယ်စပ်ရေးရာဝန်ကြီးဌာန အနေဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း) အတွင်း နယ်စပ်ဒေသ ဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် မြေလမ်း ၆၉ မိုင် ၄ ဖာလုံ၊ အမာခံလမ်း ၁၃ မိုင် ၄ ဖာလုံ၊ ကျောက်လမ်း ၂၁ မိုင် ၃ ဖာလုံ၊ ကတ္တရာလမ်း ၂ မိုင် ၄ ဖာလုံ၊ ကတ္တရာထပ်ပိုးလွှာလမ်း ၈ မိုင် ၆ ဖာလုံ၊ ကွန်ကရစ်လမ်း ၃ မိုင် ၂ ဖာလုံ၊ ကွန်ကရစ်တံတား ၅ စင်း၊ Box Culvert ၁၂၄ စင်း၊ ကျောက်တောင်မိုင်းခွဲခြင်းလုပ်ငန်း ၂ ခု၊ အဝီစိတွင်းတူးဖော်ခြင်းလုပ်ငန်း ၁ တွင်း၊ သာသနာရေးလုပ်ငန်း ၆ ခု၊ စိုက်ပျိုးရေရရှိရေးလုပ်ငန်း ၅ ခု၊ ဆိုလာ ၉၄ စုံနှင့် ဦးစီးဌာနလုပ်ငန်း ၆ ခု တို့ကို စုစုပေါင်း ခွင့်ပြုရန်ပုံငွေ ၁၁၁၃၉ ဒသမ ၉၃ ကျပ်သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်


