ဒီဇင်ဘာ၂၅
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငွေဆောင်မြို့ ငွေဆောင်ကမ်းခြေ၌ ဒီဇင်ဘာလ( ၂၅) ရက် ခရစ္စမတ်နေ့တွင် အနယ်နယ်အရပ်ရပ်မှလာရောက်အပန်းဖြေကြသော ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များဖြင့်စည်ကားလျက်ရှိကြောင်း သိရသည်။
ငွေဆောင်ကမ်းခြေသည် ပင်လယ်ကမ်းရိုးတန်းရှည်လျားခြင်း၊ သဲသောင်ပြင်သန့်ရှင်းခြင်း၊ ပင်လယ်ရေ ကြည်လင်ခြင်းတို့ကြောင့် ပြည်တွင်း၊ပြည်ပခရီးသွားဧည့်သည်များ အမြဲမပြတ်လာရောက် လည်ပတ်လျက်ရှိသည်။ ယနေ့တွင်ငွေဆောင်မြို့ထဲရှိ အမှတ်တရပစ္စည်း အရောင်းဆိုင်များတွင် စျေးဝယ်ယူနေကြသူများ၊ ကမ်းခြေတွင်လမ်းလျှောက်ကြသူများ၊ အပန်းဖြေနေကြသူများ၊ ရေကူးကြသူများ၊ speed boat, Banana Boat စီးကြသူများ၊ ငွေဆောင်၏အထင်ကရကျွန်းများဖြစ်သော မြွေကျွန်း၊ လိပ်ကျွန်း၊ ငှက်ကျွန်း၊ ဆင်မကျွန်း၊ ကျွန်းလျားရှည်၊ ချစ်သူ များကျွန်း၊ ဘုရားသုံးဆူနှင့် ငွေဆောင်ဆင်စခန်းသို့သွားရောက်လည်ပတ်ကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ငွေဆောင် (ပြန် / ဆက်)


