တာချီလိတ် ဒီဇင်ဘာ ၂၆
မြန်မာ - ထိုင်း - လာအို - တရုတ် (၄)နိုင်ငံ ရေကြောင်းရဲတပ်ဖွဲ့ဝင်များ အချင်းချင်း ပိုမိုချစ်ကြည်ရင်းနှီးမှုများ ရရှိစေရန်နှင့် မဲခေါင်မြစ်ကြောင်းလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရာတွင် ယုံကြည်မှုပြည့်ဝစွာဖြင့် ဆောင်မြင်စွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ (၄)နိုင်ငံ ချစ်ကြည်ရေး အားကစားပြိုင်ပွဲကို ဒီဇင်ဘာ ၂၅ ရက် မွန်းလွဲပိုင်းက တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က) ကျေးရွာအုပ်စု၊ မြန်မာနိုင်ငံ၊ ရေကြောင်းရဲတပ်ဖွဲ့ခွဲ(ဝမ်ပုံ)တွင် ကျင်းပပြုလုပ်သည်။
ဦးစွာ မြန်မာ - ထိုင်း - လာအို - တရုတ် (၄)နိုင်ငံ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များ အပြန်အလှန် မိတ်ဆက်ပြီး မြန်မာနိုင်ငံ၊ ရေကြောင်းရဲတပ်ဖွဲ့ခွဲ(ဝမ်ပုံ) ရဲမှူး(ဦးစီး) ရဲမှူး ကျော်စိုးက အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်ပြီး ဒိုင်လူကြီးက အားကစားပြိုင်ပွဲများနှင့် ပတ်သက်၍ စည်းမျဉ်းစည်ကမ်းများအား ရှင်းလင်းပြောကြားပြီး အားကစားအသင်းများက နိုင်ငံအလိုက် ချစ်ကြည်ရေး ဘောလုံးပွဲ၊ ပိုက်ကျော်ခြင်း၊ ကြက်တောင်နှင့် လွန်ဆွဲပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားကြရာ (၄)နိုင်ငံ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်များက ဆုရရှိကြသည့် ချစ်ကြည်ရေးအသင်းများကို ဆုများအသီးသီး ပေးအပ်ချီးမြှင့်သည်။
အဆိုပါ (၄)နိုင်ငံ ချစ်ကြည်ရေးအားကစားပြိုင်ပွဲသို့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် ရေကြောင်းကင်းလှည့်ရေးရဲတပ်ဖွဲ့ ဒုတိယတပ်ဖွဲ့မှူး တတိယအဆင့်ရဲချုပ် ဗိုလ်ချုပ် Li Shujun နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ လာအိုနိုင်ငံ နမ့်ထားခရိုင် စစ်ဒေသ ဗိုလ်မှူးချုပ် INKEO နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ထိုင်းနိုင်ငံ အမှတ် (၅) ရဲတပ်ဖွဲ့ ရဲမှူးချုပ် Noppadol Krungkrai နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရေကြောင်းရဲတပ်ဖွဲ့ခွဲ(ဝမ်ပုံ) ရဲမှူး(ဦးစီး) ရဲမှူး ကျော်စိုးနှင့် ရေကြောင်းရဲတပ်ဖွဲ့ဝင်များ တတ်ရောက်ခဲ့ကြသည်။
မြင့်မိုရ်(တာချီလိတ်)


