နေပြည်တော် ဒီဇင်ဘာ ၂၆
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ယနေ့နံနက်ပိုင်းတွင် မြန်မာ - တရုတ် နှစ်နိုင်ငံခရီးသွားမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို စဉ်ဆက်မပြတ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့အခြေစိုက် Exploring Myanmar Culture and Tourism Organization ၏ ဥက္ကဋ္ဌ Mr. David Liu အား ဝန်ကြီးဌာနရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။ 
တွေ့ဆုံစဉ်    တရုတ် - မြန်မာ အစိုးရ-ပုဂ္ဂလိက ကဏ္ဍများအကြား ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ဆောင်ရွက်သွားရန်၊ မြန်မာနိုင်ငံရှိခရီးစဉ်ဒေသများအကြောင်း တရုတ်ခရီးသွားဧည့်သည်များ ပိုမိုသိရှိနိုင်ရေးအတွက် တရုတ်နိုင်ငံသုံး Social Media အကောင့်များမှတစ်ဆင့် မြှင့်တင်ကြော်ငြာသွားနိုင်ရေးပူးပေါင်းဆောင်ရွက်ရန်၊ မြန်မာနိုင်ငံရှိ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ၌ တရုတ်နိုင်ငံသားလုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံကြရေး၊ တရုတ်နိုင်ငံမှ ပင်လယ်ရေကြောင်း အပျော်စီးသင်္ဘောများဖြင့် လာရောက်မည့် ခရီးသွားဧည့်သည်များကို ဖိတ်ခေါ်ရေး၊ အပျော်စီးသင်္ဘော ခရီးစဉ်များ စီစဉ်ဆောင်ရွက်သွားနိုင်ရေး၊ ခရီးသွားမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် တရုတ်ခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်လာရေးအတွက် Exploring Myanmar Culture and Tourism Organization နှင့် ပူးပေါင်းဆောင်ရွက်သွားနိုင်ရေး ဆွေးနွေးကြပြီး မြန်မာ - တရုတ် နှစ်နိုင်ငံခရီးသွားမြှင့်တင်ရေးဆိုင်ရာ ကိုယ်စားလှယ်အဖြစ်အသိအမှတ်ပြု လက်မှတ် ကို Exploring Myanmar Culture and Tourism Organization ၏ ဥက္ကဋ္ဌ Mr. David Liu ထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်