ပင်လောင်း ဒီဇင်ဘာ ၂၇

 

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်အတွင်းရှိ စိုက်ပျိုးထားသည့် ဘိန်းခင်းများကို သက်ဆိုင်ရာအဖွဲ့တို့က ယမန်နေ့နံနက်ပိုင်းမှ စတင်၍ ဆက်လက်ဖျက်ဆီး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါ ဘိန်းခင်းဖျက်‌‌ဆီးရေးတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဝင်းနိုင် ဦးစီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်သားများ၊ မူးယစ်တပ်ဖွဲ့စု(၂၆)မှ ရဲမှူးဝင်းထွန်း ဦးစီး မူးယစ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာဝန်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် စင်းတောင်းကျေးရွာအုပ်စု၊ တင်းထက်ကျေးရွာ အနောက်ဘက် နှစ်မိုင်ခန့်အကွာရှိ ဖူးပွင့်ဆဲ ဘိန်းခင်း (၄၁)ဧကကို မြက်ဖြတ်စက်များဖြင့် ဖျက်ဆီးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

ပင်လောင်းမြို့နယ်တွင် နိုဝင်ဘာလလယ်မှ စတင်ကာ ယမန်နေ့ထိ ဘိန်စိုက်းခင်း စုစုပေါင်း (၁၀၉၇)ဧကခန့် ဖျက်ဆီးနိုင်ခဲ့ပြီး ကျန်ရှိသည့် ဘိန်းခင်းများကိုလည်း ဆက်လက်ရှာဖွေ ဖျက်ဆီးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ခွန်အာကာစိုး