ဒီဇင်ဘာ ၂၇
သီရိလင်္ကာနိုင်ငံတွင် ၂၀၂၄ ခုနှစ် လက်ရှိအချိန်အထိ ခရီးသွားနှစ်သန်းကျော် ဝင်ရောက်မှုရှိကြောင်း နိုင်ငံခြားအလုပ်အကိုင်နှင့် ခရီးသွားလုပ်ငန်း၊ နိုင်ငံခြားရေးရုံး၏သတင်းထုတ်ပြန်ချက်အရ သိရသည်။
ယခုနှစ် ဒီဇင်ဘာလ ပထမ ၂၆ ရက်နေ့အတွင်း ခရီးသွား ၁၉၅၁၂၇ ဦး ဝင်ရောက်ကြောင်း ဖော်ပြထားသည်။
သီရိလင်္ကာနိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် ခရီးသွား သုံးသန်း ဝင်ရောက်မှုရှိရန် မျှော်မှန်းထားသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို