နေပြည်တော်၊ ဒီဇင်ဘာ ၂၇

 

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်တွင် ဆုတံဆိပ်ရရှိခဲ့သော အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ကိုယ်စားပြုအသင်းများမှ အားကစားသမားများနှင့် ပဉ္စမအကြိမ်အမျိုးသား အားကစားပွဲတော်တွင် တာဝန်ထမ်းဆောင်ခဲ့သော ဝန်ထမ်းများ ဂုဏ်ပြုချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိ အားကစားရုံ(C) ကျင်းပသည်။

 

ဦးစွာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ပဉ္စမအကြိမ်အမျိုးသား အားကစားပွဲတော်ကြီးတွင် ပြေးခုန်ပစ်အားကစားနည်းကို ပြိုင်ပွဲအမျိုးအစား ၄၀ ထည့်သွင်းကျင်းပခဲ့ရာ ဗဟိုအဆင့်အဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာန ၂၂ ခု ပါဝင် ယှဉ်ပြိုင်ခဲ့သည့်အနက် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြေးခုန်ပစ်အားကစားနည်းမှ ရွှေတံဆိပ် ခု၊ ငွေတံဆိပ် ခု၊ ကြေးတံဆိပ် ခု၊ ပိုက်ကျော်ခြင်းအားကစားနည်းမှ ရွှေတံဆိပ် ခု၊ ကြေးတံဆိပ် ခု၊  ဘော်လီဘော အားကစားနည်းမှ ရွှေတံဆိပ် ခု၊ ကြေးတံဆိပ် ခုရရှိခဲ့ပြီး ဝန်ကြီးဌာနအဆင့် အားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ် ၁၂ ခု၊ ငွေတံဆိပ် ခု၊ ကြေးတံဆိပ် ခု၊ စုစုပေါင်း ဆုတံဆိပ် ၂၈ ခုဖြင့် ဒုတိယနေရာရရှိခဲ့သည့်အတွက် ယခုလို ချီးကျူးဂုဏ်ပြုချီးမြှင့်ပွဲ ကျင်းပပေးခြင်းဖြစ်ပါကြောင်း၊     ပဉ္စမအကြိမ်အမျိုးသားအားကစား ပွဲတော်ကြီးကို အောင်အောင်မြင်မြင်ကျင်းပ နိုင်ရန်အတွက် ကျရာအခန်းကဏ္ဍမှ တာဝန်ကျေပွန်စွာ ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများအားလုံး ကိုလည်း အသိအမှတ်ပြုမှတ်တမ်းတင် ချီးကျူးဂုဏ်ပြုပါကြောင်း၊ ဝန်ကြီးဌာန၏ဂုဏ်ကို မြှင့်တင်ကြရန်နှင့် စည်းလုံးညီညွတ်မှုကိုပြသပြီး တက်တက်ကြွကြွဖြင့် ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားသည်။

 

ဆက်လက်၍ ပြေးခုန်ပစ်အားကစားနည်းမှ ဆုတံဆိပ်ရရှိသည့် အားကစားသမားများနှင့် ကျရာအခန်းကဏ္ဍမှ တာဝန်ကျေပွန်စွာ ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများကို ပြည်ထောင်စုဝန်ကြီးကလည်းကောင်း၊ ပြေးခုန်ပစ် အားကစားနည်း၊ ဘော်လီဘောအားကစားနည်းနှင့် ပိုက်ကျော်ခြင်း အားကစားနည်းများတွင် ဆုတံဆိပ်များရရှိခဲ့ကြသည့် အားကစားသမားများနှင့် အုပ်ချုပ်/နည်းပြများကို ဒုတိယဝန်ကြီးများနှင့် ညွှန်ကြားရေးမှူးချုပ်များကလည်းကောင်း ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်သည်။

(သတင်းစဉ်)