နေပြည်တော်၊ ဒီဇင်ဘာ ၂၇

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ ()နှစ်မြောက်ဝန်ကြီးဌာန နှစ်ပတ်လည်နေ့ အခမ်းအနားနှင့် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားတို့ကို ယနေ့တွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊  ရုံးအမှတ်() ကျင်းပသည်။

ဉီးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ဝန်ကြီးဌာန၏ နှစ်တာကာလအတွင်း  နိုင်ငံတော်မှ ချမှတ်ထားသည့်မူဝါဒများ၊ လမ်းညွှန်ချက်များနှင့်အညီ နိုင်ငံ့စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးတက်ရေးတို့အတွက် ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတကာ စီးပွားဆက်သွယ်ရေး အရှိန်အဟုန်ရရှိရေး အင်တိုက်အားတိုက်ကျရာကဏ္ဍမှ ပါဝင်ဆောင်ရွက် ခဲ့ကြသော ဝန်ထမ်းများကို အထူးဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ဝန်ကြီးဌာန၏ နှစ်မြောက် နှစ်ပတ်လည်နေ့တွင် ဝန်ထမ်းများ အတွက် ဆုများကို ချီးမြှင့်ပေးသွားမည်ဖြစ်ပါကြောင်း၊ ဆုများရွေးချယ်မှုနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးစီးဆောင်ရွက်ခဲ့ပြီး ဆု(၁၀)မျိုး ချီးမြှင့်ပေးသွားမည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတို့အား ယုံကြည်စွာအပ်နှံထားသည့် လုပ်ငန်းတာဝန်များကို ကျေကျေပွန်ပွန် ထမ်းဆောင်ကြရန်၊ ဝန်ထမ်းများ စုစုစည်းစည်း ညီညီညွတ်ညွတ်ဖြင့် တစ်ဦးချင်းအရည်အသွေး၊ အရည်အချင်း ပြည့်ပြည့်ဝဝဖြင့် တာဝန် ကျေပွန်အောင် ဆောင်ရွက်ကြရန်နှင့် စံပြဝန်ကြီးဌာနတစ်ခုဖြစ်အောင် ဆက်လက်ကြိုးစားဆောင်ရွက် ကြရန် တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်က ဝန်ကြီးဌာန၏ နှစ်မြောက် နှစ်ပတ်လည်နေ့ ဆုများရွေးချယ်ခြင်းနှင့် စပ်လျဉ်းသည့် စံသတ်မှတ်ချက်များနှင့် ဆုများချီးမြှင့်ခြင်းတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ထူးချွန်စံပြဝန်ထမ်း (အရာထမ်း)ဆု၊ ထူးချွန်စံပြဝန်ထမ်း(အမှုထမ်း) ဆုနှင့် ဌာနခွဲစံပြဆုများ ချီးမြှင့်ပြီး ဒုတိယဝန်ကြီးနှင့် သက်ဆိုင်ရာဌာန အကြီးအကဲများက အခြားဆုများ ချီးမြှင့်ကြသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဝန်ကြီးဌာနနှစ်ပတ်လည် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့ တက်ရောက်လာသော ဝန်ထမ်းများနှင့်အတူ ညစာသုံးဆောင်ပြီး ဝန်ထမ်းများအတွက် ကံစမ်းမဲဖောက် သည့် အစီအစဉ်များနှင့် ဖျော်ဖြေရေးအစီအစဉ်များတွင် ပျော်ရွှင်စွာပါဝင်ဆင်နွှဲကြသည်။ 

အဆိုပါ နှစ်ပတ်လည်အခမ်းအနားနှင့် ဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)