ရန်ကုန်၊ ဒီဇင်ဘာ  ၂၇

 

နိုင်ငံ့၀န်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)၊အရာထမ်း ငယ်သင်တန်း အမှတ်စဉ်(၁၃၁) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်သည်။

ဦးစွာ သင်တန်းဆင်းတပ်ခွဲက ပါမောက္ခချုပ်အား အလေးပြုပြီး နိုင်ငံတော်အလံအား အလေးပြုကြသည်။

 

ဆက်လက်၍ အခမ်းအနားတွင် ပါမောက္ခချုပ်က သင်တန်းသားစံပြဆုကို ဦးလွှမ်းဝေအောင်၊ ဒုတိယဦးစီးမှူး၊ ဝါးခယ်မမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနကို လည်းကောင်း၊ သင်တန်းသူ စံပြဆုကို ဒေါ်နှင်းဝေဝေလှိုင်၊ ဒုတိယဦးစီးမှူး၊ ဧရာဝတီတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန ကိုလည်းကောင်း၊ သေနတ်ပစ်ထူးချွန်ဆု၊ စစ်ရေးပြထူးချွန်ဆုရရှိသူများနှင့် သင်တန်းဆင်း အောင်လက်မှတ်များကို လည်းကောင်းပေးအပ်ချီးမြှင့်ပြီး သင်တန်းဆင်း မိန့်ခွန်း ပြောကြားသည်။

 

ယင်းသင်တန်းဆင်းပွဲအခမ်းအနားသို့ ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူး/ ပါမောက္ခများ၊ သင်ကြား/ စီမံဌာနများမှ တာဝန်ရှိသူများနှင့် သင်တန်းသား(၁၇၄)ဦး၊ သင်တန်းသူ(၁၉၅)ဦး စုစုပေါင်း (၃၆၉)ဦးတို့ တက်ရောက်ကြောင်းနှင့် သင်တန်းကာလမှာ အောက်တိုဘာ ၂၁ မှ ဒီဇင်ဘာ ၂၇ ရက်အထိ  ဖွင့်လှစ်ခဲ့ ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)