နေပြည်တော် ဒီဇင်ဘာ ၂၇

 

တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ် သူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့ သင်တန်း အမှတ်စဉ်(၂၂)နှင့် အမျိုးသမီးသူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့ သင်တန်း အမှတ်စဉ်(၉) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာ သရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာသရေစည်သူ စိုးဝင်း တက်ရောက်မိန့်ခွန်းပြောကြားသည်။

 

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်အတူ ဇနီး ဒေါ်သန်းသန်းနွယ်၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင်ထိန်ဝင်းနှင့် ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ် (လေ)ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စည်သူ ထွန်းအောင်နှင့်ဇနီး၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ နှင့်ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ ရန်ကုန်တိုင်းစစ်ဌာန ချုပ် တိုင်းမှူး၊ တပ်မတော်သူနာပြု နှင့် ဆေးဘက်ပညာတက္ကသိုလ် ကျောင်းအုပ်ကြီး၊ ရန်ကုန်တပ်နယ်မှ တာဝန်ရှိသူများ၊ ကျောင်းဆင်း သင်တန်းသား၊ သင်တန်းသူများ၏ မိဘအုပ်ထိန်းသူများ၊ တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ်စာပေဌာနနှင့် လေ့ကျင့်ရေးဌာနတို့မှ နည်းပြအရာရှိများ နှင့် ဆရာ၊ ဆရာမများ၊ ဖိတ်ကြား ထားသည့် ဧည့်သည့်တော်များ တက်ရောက်ကြသည်။

 

တပ်ခွဲများအားစစ်ဆေး

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီး ချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာသရေစည်သူ စိုးဝင်းက သင်တန်းဆင်းတပ်ခွဲ များ၏ အလေးပြုခြင်းကို ခံယူပြီး နောက် အလံတော်အဖွဲ့နှင့် ကျောင်းဆင်း တပ်ခွဲများအား စစ်ဆေးသည်။ ၎င်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အား ကျောင်းဆင်းတပ်ခွဲ များက အနှေးလျှောက်၊ အမြန် လျှောက်ဖြင့် ချီတက်အလေးပြု ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာ သရေစည်သူ စိုးဝင်းသည် တပ်မတော်သူနာပြုနှင့် ဆေးဘက် ပညာတက္ကသိုလ်၊ အမျိုးသမီး သူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံ ဘွဲ့ သင်တန်းအမှတ်စဉ် (၉) မှ အကောင်းဆုံးသင်တန်းသူဆုရရှိ သူ သင်တန်းသူ ဆုမြတ်ရတနာ၊ လေ့ကျင့်ရေးထူးချွန်ဆု ရရှိသူ သင်တန်းသူ စုပုံချစ်နှင့် စာပေ ထူးချွန်ဆုရရှိသူ သင်တန်းသူ ရွှေစင်မင်းထွန်းတို့ကို ဆုများ ပေးအပ်ချီးမြှင့်သည်။

 

 ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာ သရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ကိုယ်စား နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာ သရေစည်သူ စိုးဝင်းက မိန့်ခွန်း ပြောကြားရာတွင် ယနေ့သည် သူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံ ဘွဲ့သင်တန်းအမှတ်စဉ် (၂၂) နှင့် အမျိုးသမီး သူနာပြုနှင့် ဆေးဘက် ပညာသိပ္ပံဘွဲ့သင်တန်းအမှတ်စဉ် (၉)တို့၏ သင်တန်းဆင်းသည့် နေ့ဖြစ်ပြီး တပ်မတော်ဆေးဝန် ထမ်းတပ်ဖွဲ့အတွက် မျိုးဆက်သစ်များ ထပ်မံမွေးထုတ်ပေးလိုက် သည့် ဂုဏ်ယူဝမ်းမြောက်ဖွယ်ရာ နေ့တစ်နေ့လည်းဖြစ်ကြောင်း။

 

တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်အနေ ဖြင့် “ဒို့တာဝန် အရေးသုံးပါးကို ကာကွယ်မည့် အမျိုးသား တပ်မတော်အတွက် လိုအပ်သော လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝ သည့် သူနာပြုများ၊ ဆေးဝါး ကျွမ်းကျင်သူများနှင့် ဆေးဘက် ပညာသည်များ မွေးထုတ်ပေးရန်’’ ဆိုသည့် ရည်ရွယ်ချက်နှင့်အညီ သူနာပြုများနှင့် ဆေးဘက်ပညာ သည်များကို စဉ်ဆက်မပြတ် သင်ကြားလေ့ကျင့် မွေးထုတ်ပေး လျက်ရှိကြောင်း။

 

ထိုသို့ သင်ကြားလေ့ကျင့် မွေးထုတ်ပေးရာတွင် ယနေ့ အချိန်ထိ သူနာပြု သိပ္ပံဘွဲ့၊ ​ဆေးဝါးကျွမ်းကျင်မှု သိပ္ပံဘွဲ့၊ ဆေးဘက်ဆိုင်ရာ နည်းပညာ သိပ္ပံဘွဲ့၊ ဆေးပညာ သင်ကြားရေး ဘွဲ့လွန်ဒီပလိုမာဘွဲ့၊ သူနာပြု မဟာသိပ္ပံဘွဲ့၊ ဆေးဝါးမဟာသိပ္ပံ ဘွဲ့၊ ဆေးဘက်ဆိုင်ရာနည်းပညာမဟာသိပ္ပံဘွဲ့၊ သူနာပြုပါရဂူဘွဲ့၊ ဆေးဘက်ဆိုင်ရာ ဓာတ်မှန်နှင့် ပုံရိပ်ဖော်နည်းပညာ ပါရဂူဘွဲ့ရရှိ သူ စုစုပေါင်း ၅၅၇၃ ဦးကို လေ့ကျင့် မွေးထုတ်ပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်း။

 

ကျေပွန်စွာထမ်းဆောင်

အမိတက္ကသိုလ်က လေ့ကျင့် သင်ကြား မွေးထုတ်ပေးလိုက် သည့် သူနာပြုများနှင့် ဆေးဘက် ပညာသည်များသည် လက်တွေ့ နယ်ပယ်ဖြစ်သည့် တပ်မတော် ဆေးရုံ၊ ဆေးတပ်ရင်းတပ်ဖွဲ့များ တွင် သက်ဆိုင်ရာ ဆေးဘက်ပညာ ရပ်များကို ထိရောက်စွာ အသုံးချ ပြီး နိုင်ငံတော်နှင့် တပ်မတော် က ယုံကြည်အားကိုးရသည့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များအဖြစ် ပေးအပ်လာသည့် မည်သည့် တာဝန်မျိုးကိုမဆို သူနာပြု ကျင့်ဝတ်များနှင့်အညီ ကိုယ်စွမ်း ဉာဏ်စွမ်းရှိသရွေ့ ကျေပွန်စွာ ထမ်းဆောင်လျက်ရှိကြောင်းကို လည်း အသိအမှတ်ပြုပြောကြား လိုကြောင်း။

 

တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ် တည်ထောင်ခဲ့သည်မှာ လာမည့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်တွင် ၂၅ နှစ်ပြည့်မြောက်ပြီး ငွေရတု နှစ်ပတ်လည်တိုင်တော့ မည်ဖြစ်ကြောင်း၊ ဆေးဝန်ထမ်း တပ်ဖွဲ့၏ အဓိကအင်အားစုကြီး ဖြစ်သည့် သူနာပြုတပ်ဖွဲ့ဝင်များ သည် စစ်ပညာတတ်မြောက်ပြီး ဆင့်ကဲဆင့်ကဲ ရာထူးတာဝန်များ ကို ထမ်းဆောင်နိုင်ရန် လိုအပ်ခြင်း ကြောင့် သူနာပြုတက္ကသိုလ် (Defence Services Institute of Nursing) ကို ၂၀၀၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်တွင် စတင် ဖွဲ့စည်း တည်ထောင်ခဲ့ပြီး အမျိုးသားသူနာပြု သိပ္ပံဘွဲ့ သင်တန်းများကို ဖွင့်လှစ် သင်ကြားပေးခဲ့ကြောင်း။

 

တပ်မတော်သားများ၊ မှီခိုသူ မိသားစုဝင်များနှင့် ပြည်သူလူထု ကို ကျန်းမာရေးစောင့်ရှောက်မှု ပေးရာတွင် ဆရာဝန်များ၊ သူနာပြု များသာမက ဆေးဝါးဖော်စပ်ခြင်း၊ ရောဂါရှာဖွေခြင်းနှင့် ပြန်လည် ထူထောင်ခြင်းတို့အတွက် ဆေး ဘက်ပညာသည်များ၏ အခန်း ကဏ္ဍကလည်း အရေးပါလာခြင်း ကြောင့် ၂၀၀၂ ခုနှစ်တွင် တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ် (Military Institute of Nursing and Paramedical Sciences) အဖြစ် ပြောင်းလဲတိုးချဲ့ ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း၊ ထို့ အပြင် အမျိုးသမီးသူနာပြုများ မွေးထုတ် ပေးနိုင်ရေးအတွက် အမျိုးသမီးသူနာပြု သိပ္ပံဘွဲ့ သင်တန်းများကို ၂၀၁၄ ခုနှစ်တွင် တိုးချဲ့ဖွင့်လှစ်သင်ကြား လေ့ကျင့် ပေးနိုင်ခဲ့ကြောင်း၊ တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ်သည် စတင်ဖွင့်လှစ်စဉ် ကပင် ယနေ့ထိတိုင်အောင် ပေးအပ်ထားသည့် ရည်မှန်းချက် တာဝန်များကို ကျေပွန်အောင်မြင်အောင် ထမ်းဆောင်နိုင်ခဲ့သည်ကို ဂုဏ်ယူဖွယ်ရာ တွေ့မြင်ရမည် ပင်ဖြစ်ကြောင်း။

 

“စေတနာ အကြင်နာ ဘေးကင်းကွာ” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ သူနာပြုများ အနေဖြင့် လူနာများကို ပြုစု စောင့်ရှောက်မှု ပေးရာတွင် အကြင်နာတရား အပြည့်အဝ ထားရှိရန် လိုအပ်ကြောင်း၊ ထို့ကြောင့် သာမန်တာဝန် ထမ်းဆောင်နေမှုဆိုသည်ထက် သူနာပြုစုမှု အတတ်ပညာနှင့် ပေါင်းစပ်ပြီး မိမိတို့ထံတွင် အခြေခံရှိပြီးသား ဖြစ်သည့် ကြင်နာမှုစိတ်ဓာတ်ကို ပိုမို ရင့်ကျက်ခိုင်မာစေရန် လေ့ကျင့် မွေးမြူသွားကြရမည်ဖြစ်ကြောင်း။

 

လူနာများအတွက် ပြည့်စုံ လုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်သော ထူးချွန်ထက်မြက်သည့် သူနာပြု ကောင်းတစ်ဦး ဖြစ်လာစေရန် အတွက် ကိုယ်ပိုင်အရည်အချင်း များနှင့် သက်မွေးလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှု အရည်အချင်းများ ဆိုသည့် အင်္ဂါရပ်နှစ်ခုနှင့် ပြည့်စုံ နေရန်လည်း လိုအပ်ကြောင်း၊ စာနာမှုနှင့် ကရုဏာတရားရှိမှု၊ စိတ်ရှည်သည်းခံနိုင်မှု၊ လိုက်လျော ညီထွေရှိပြီး ပြောင်းလွယ် ပြင်လွယ်နိုင်မှု၊ ထိရောက်စွာ ပြောဆိုဆက်ဆံနိုင်မှုနှင့် လူနာ များ၏ စိတ်ဖိစီးမှုကို ကောင်းမွန် ကျွမ်းကျင်စွာ ကိုင်တွယ်ဖြေရှင်း နိုင်မှုစသည့် သူနာပြုကောင်း တစ်ဦး၏ ရှိသင့်ရှိအပ်သည့် ကိုယ်ရည်ကိုယ်သွေးများ ပြည့်စုံ နေရန် ကြိုးစားလုပ်ဆောင်သွားရ မည်ဖြစ်ကြောင်း။

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များအရ လူ နှင့် တိရစ္ဆာန်တို့အတွက် ရောဂါ ရှာဖွေရန်၊ ကာကွယ်ရန်၊ ကုသရန် နှင့် အကျိုးသက်ရောက်မှု တစ်ခုခု ဖြစ်စေရန်အတွက် အသုံးပြုသည့် ပစ္စည်းကို ဆေးဝါးအဖြစ် သတ်မှတ် ခဲ့ကြကြောင်း၊ ဘေးကင်းသော၊ အာနိသင်ရှိသော၊ အရည်အသွေး ပြည့်မီသော ဆေးဝါးများ ဖော်စပ် ရေး၊ ထုတ်လုပ်ရေး၊ သိုလှောင် သိမ်းဆည်းရေးနှင့် ပြည်သူလူထု ထံသို့ ဖြန့်ဝေရေး စသည့်လုပ်ငန်း တာဝန်များကို အောင်အောင် မြင်မြင် ထမ်းဆောင်နိုင်ရန် အတွက် ဆေးဝါးကျွမ်းကျင်သူများ ကိုလည်း သင်ကြားလေ့ကျင့် မွေးထုတ်ပေးလျက်ရှိရာတွင် ပရ ဆေးဗေဒ၊ ဆေးဝါးဘက်ဆိုင်ရာ ဓာတုဗေဒ၊ ဆေးဝါးဖော်စပ်ရေး၊ ဆေးဝါးဗေဒ၊ ဆေးဝါးဘက်ဆိုင်ရာ ဓာတ်ခွဲစမ်းသပ်ခြင်း ဘာသာရပ် များကို အဓိကသင်ကြားပေး လျက်ရှိကြောင်း။

 

ခေတ်မီ ဆန်းသစ်သည့် အနောက်တိုင်း ဆေးဝါးများနှင့် ပတ်သက်သည့် ပညာရပ်များကို လည်း ဆည်းပူးသင်ကြားရမည် ဖြစ်သကဲ့သို့ နိုင်ငံတော်အနေဖြင့် တိုင်းရင်းဆေး ကဏ္ဍကိုလည်း ခေတ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်ပြီး ပြည်သူလူထု၏ ကျန်းမာရေး စောင့်ရှောက်မှုများတွင် တိုင်းရင်း ဆေးပညာနှင့် ပါဝင်အားဖြည့်နိုင် ရန် အလေးထား ဆောင်ရွက်လျက် ရှိခြင်းကြောင့် လေ့လာသင်ယူရန် လိုအပ်ကြောင်း၊ ထို့ကြောင့် နိုင်ငံ တကာနှင့် ပြည်တွင်းတွင်ပါ အသုံး တွင်ကျယ်လာသည့် ဆေးဖက်ဝင် နွယ်မြက်သစ်ပင်တို့ အကြောင်း (Herbal Medicine) ကိုလည်း မျက်ခြည်မပြတ် ဆည်းပူးလေ့လာပြီး တိုင်းရင်းဆေးပညာရှင်များနှင့်အတူ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို ပူးပေါင်းဆောင် ရွက်သွားကြရမည်ဖြစ်ကြောင်း။

 

ကာကွယ်စောင့်ရှောက်

ဆေးဝါး ကျွမ်းကျင်သူများ အနေဖြင့် ဆေးဝါးဖော်စပ်သည့် ပညာ၊ ဆေးဝါးများ မှန်ကန်စွာ အသုံးပြုရေး၊ ဆေးဝါးများ အရည် အသွေး ပြည့်မီမှု ရှိ/မရှိ စစ်ဆေး စမ်းသပ်ရေး၊ ဆေးဝါးအသစ်များ တီထွင်ထုတ်လုပ်ရေး၊ တပ်မတော် သားများ၊ မိသားစုဝင်များနှင့် ပြည်သူလူထုတို့ ဆေးဝါး လုံလောက်စွာရရှိရေး၊ သုံးစွဲသူ လက်ဝယ်သို့ ဆေးဝါးများ မှန်ကန် စွာရောက်ရှိရေး၊ ဆေးဝါးများ မပျက်စီးအောင် ထိန်းသိမ်း စောင့်ရှောက်ရေးနှင့် တိုင်းရင်းဆေးဝါး ထုတ်လုပ်မှုလုပ်ငန်းဖွံ့ဖြိုး တိုးတက်လာအောင် ဆောင်ရွက်ပေးရေး စသည့်လုပ်ငန်းတာဝန် များကို ထမ်းဆောင်ကြရသူများ ပင်ဖြစ်ကြောင်း၊ ထို့ကြောင့် ဆေးဝါးကျွမ်းကျင်မှု သိပ္ပံဘွဲ့ရသူ များအနေဖြင့် မိမိတို့ တတ်ကျွမ်း နားလည်ထားသည့် ဆေးဝါး ကျွမ်းကျင်မှုဆိုင်ရာ အခြေခံကောင်းများကို ကောင်းမွန်မှန်ကန်စွာ အသုံးချပြီး ပြည်သူ လူထုအတွက် တတ်စွမ်းနိုင်သည့်ဘက်မှ ကာကွယ်စောင့်ရှောက်မှု များ ဆောင်ရွက်ပေးသွားကြရမည်ဖြစ်ကြောင်း။

 

ထို့အပြင် အခြားဆေးဘက် ပညာသည်များဖြစ်သည့် ဓာတ်ခွဲကျွမ်းကျင်သူများ၊ ဓာတ်မှန်ပုံရိပ်ဖော် ကျွမ်းကျင်သူများ၊ ခန္ဓာသန်စွမ်းမှုလေ့ကျင့်ပေးရေး ကျွမ်းကျင်သူများအနေဖြင့်လည်း မိမိတို့ အထူးပြုကျွမ်းကျင်ပညာရပ်များအလိုက် လူနာများအပေါ် ကုသမှုပေးရာတွင် မှန်ကန် ထိရောက်မှုရှိ သည့် စစ်ဆေးဖော်ထုတ်မှုများနှင့် ကောင်းမွန် ပြည့်စုံသည့် ကျန်းမာရေးပြုစု စောင့်ရှောက်ကုသ မှုများ ပေးနိုင်ရန်အတွက် စဉ်ဆက်မပြတ် လေ့လာဆည်းပူးနေရမည် ဖြစ် ကြောင်း၊ မိမိတို့ တတ်ကျွမ်းထားသည့် အထူးပြုပညာရပ်အလိုက် သုတေသန လုပ်ငန်းများကို ဆက်လက်ဆောင်ရွက် နေရမည့် အပြင် လူနာများ၏ ကောင်းကျိုး အတွက် အခြားသော ဆေးပညာ ရပ်ဌာနများနှင့် ပူးပေါင်းဆောင် ရွက်ကာပြီးပြည့်စုံသည့် ပြုစုကုသ မှုများ ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း။

 

ပြည်သူလူထု၏ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်သည့်နေရာတွင် ပြုစု ကုသရေး၊ ရောဂါရှာဖွေရေး၊ တားဆီးကာကွယ်ရေး၊ ကျန်းမာ ရေးမြှင့်တင်ပေးရေးနှင့် ပြန်လည် သန်စွမ်းရေးဆိုသည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းစဉ်များကို နိုင်ငံ့သားကောင်း ဆေးဝန်ထမ်း တပ်ဖွဲ့ဝင်များပီပီ ကျောသား၊ ရင်သား မခွဲခြားဘဲ စိတ်ရင်း စေတနာမှန်နှင့် ဆောင်ရွက်ပေးသွားကြရန်လိုကြောင်း။

 

ဆေးဝန်ထမ်း တပ်ဖွဲ့၏ သမိုင်းကြောင်းတစ်လျှောက်တွင် သူနာပြုနှင့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင် များသည် ပြုစုကုသစောင့်ရှောက် ရေးနှင့် စစ်မြေပြင်ဆေးအကာ အကွယ်ပေးရေး တာဝန်များကို ကိုယ်ရောစိတ်ပါ စွမ်းစွမ်းတမံ ထမ်းရွက်ခဲ့ကြသည်ကို တွေ့ရှိရ မည်ဖြစ်ကြောင်း၊ နိုင်ငံတော် ကာကွယ်ရေး၊ လုံခြုံရေးနှင့် စစ်ဆင်ရေး တာဝန်များကို ရဲစွမ်း သတ္တိအပြည့်နှင့် သစ္စာရှိရှိ၊ တာဝန် သိသိ ကျေပွန်စွာ ထမ်းဆောင်ခဲ့ ကြသဖြင့် စစ်ဘက်စွမ်းရည် ဆိုင်ရာ ဂုဏ်ထူးဆောင် လက်မှတ် များ ချီးမြှင့်ခံရခြင်း၊ စစ်မြေပြင် ရာထူးတိုးခြင်းနှင့် အဆင့်တိုးမြှင့် ခြင်းများကိုလည်း ထိုက်ထိုက် တန်တန် ရရှိခဲ့ကြသည့်အတွက် အမိတက္ကသိုလ်နှင့် လေ့ကျင့် သင်ကြားပေးလိုက်သည့် နည်းပြ များအတွက်လည်း ဂုဏ်ယူဖွယ်ရာ ဖြစ်ကြောင်း၊ ထိုသို့စွမ်းဆောင်နိုင် မှုများကို လေးစားအားကျ ဂုဏ်ယူ စိတ်နှင့် မိမိတို့ကိုယ်တိုင်လည်း ကြိုးစားကြရမည် ဖြစ်သကဲ့သို့ အစဉ်အလာ ကောင်းများကို ထိန်းသိမ်းပြီး အမိကျောင်းတော် ကြီး၏ဂုဏ်ကို မြှင့်တင်ပေးနိုင်သည့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင် စစ်သည်တော်ကောင်းများ ဖြစ် အောင် ပြုမူကျင့်ကြံနေထိုင်သွား ကြရမည်ဖြစ်ကြောင်း။

 

တပ်မတော်သားများ ဖြစ် သည်နှင့်အညီ စစ်မြေပြင်တွင် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် အသက်ပေးကာကွယ် စောင့်ရှောက် ကြရသည့်သူများဖြစ်ခြင်းကြောင့် အချင်းချင်းနှင့် အထက်အောက် သစ္စာစောင့်သိမှသာလျှင် အပြန် အလှန်ယုံကြည်မှုကို တည်ဆောက် ရယူနိုင်မည်ဖြစ်ပြီး လုပ်ငန်းကိစ္စ အဝဝကို အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် စစ်သည်တော်ကျင့်ဝတ် အပါးခြောက်ဆယ်ကို ခါးဝတ် ပုဆိုးကဲ့သို့ မြဲမြံအောင် စောင့်ထိန်း လိုက်နာပြီး ကျင့်ဝတ်စည်းကမ်း အရာတွင် စံနမူနာပြဖြစ်အောင် ကြိုးစားကျင့်ကြံနေထိုင်သွားကြ ရန်လိုကြောင်း။

 

အရည်အချင်းပြည့်ဝအောင် ကြိုးစားလုပ်ဆောင်

သူနာပြု တပ်ဖွဲ့ဝင်များနှင့် ဆေးဘက်ပညာသည်များသည် တပ်မတော် ဆေးဝန်ထမ်းတပ်ဖွဲ့ အတွက် မရှိမဖြစ် အရေးပါသော အခန်းကဏ္ဍက ပါဝင်နေသည် ဖြစ်၍ မိမိတို့ သက်ဆိုင်ရာ ဆေးဘက်ပညာရပ် နယ်ပယ် အလိုက် အစဉ်တိုးတက် အရည် အချင်းပြည့်ဝအောင် ကြိုးစား လုပ်ဆောင်သွားကြရန် လိုအပ် သလို သူနာပြုအဓိဋ္ဌာန်ကတိသစ္စာ ၉ ချက်ကိုလည်း အလေးထား လိုက်နာစောင့်ထိန်းသွားကြရန်လို ကြောင်း။

 

နိုင်ငံတော် ကာကွယ်ရေး လုပ်ငန်း တာဝန်များကို ထမ်းဆောင်နေရသည့် တပ်မတော် သားများသည် ကျရာအခန်းကဏ္ဍ များတွင် တာဝန်ကျေပွန်စွာ ထမ်းရွက်နိုင်ရန်အတွက် တပ် တွင်း၊ တပ်ပြင် စည်းလုံးညီညွတ် ရေး ပြည့်ဝခိုင်မာနေရန် အထူး လိုအပ်ကြောင်း၊ ယနေ့ အချိန်အခါ တွင် တပ်တွင်းစည်းလုံးညီညွတ်မှု ပျက်ပြားစေရန် ရည်ရွယ်ပြီး ပြည်တွင်း၊ ပြည်ပ အဖျက်သမား အင်အားစုများသည် နည်းလမ်း ပေါင်းစုံနှင့် ထိုးနှက်တိုက်ခိုက် နေချိန်ဖြစ်၍ တပ်မတော်သား များအနေဖြင့် ကျောချင်းကပ် ရင်ချင်းအပ်သည့် စည်းလုံး ညီညွတ်မှုရှိရေးသည် အသက် တမျှ အရေးကြီးကြောင်း၊ တပ်မတော်သားများနှင့် မိသားစု ဝင်များအားလုံး အကြားတွင် အသိတူ၊ အမြင်တူ၊ ယုံကြည်ချက်၊ ခံယူချက်များ တူမည်ဆိုပါက တပ်တွင်း စည်းလုံးညီညွတ်မှု သည် ထာဝရခိုင်မြဲနေမည်ဖြစ် ကြောင်း။

 

ထို့အပြင် ပြည်သူလူထု၏ အသက် အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေး ခြင်း၊ သဘာဝဘေးအန္တရာယ် များ ကျရောက်ချိန်တွင် ကူညီ ထောက်ပံ့ ပေးခြင်းများသည် တပ်ပြင်စည်းရုံးရေးကို ဆောင်ရွက် နေခြင်းဖြစ်သည်ကို နားလည် သဘောပေါက်ထားကြရမည်ဖြစ် ကြောင်း၊ မိမိတို့ တာဝန်ကျရာ နယ်မြေအသီးသီးကို ရောက်ရှိချိန် တွင် နိုင်ငံတော် တည်ငြိမ် အေးချမ်းရေးနှင့် နယ်မြေလုံခြုံရေး လုပ်ငန်းစဉ်များ ဆောင်ရွက်သည့် အခါ မိမိတို့ တာဝန်ထမ်းဆောင်ရ မည့် နယ်မြေအလိုက် ဒေသ၏ အခြေအနေ၊ ဒေသဆိုင်ရာ အချက် အလက်များကို အသေးစိတ်သိရှိထားရန်လိုအပ်ကြောင်း၊ နယ်မြေခံ တပ်ဖွဲ့များနှင့် ဒေသခံများ တစ်သားတည်း ဖြစ်အောင် စည်းရုံးဆောင်ရွက်ပြီး အပြန် အလှန် ရိုင်းပင်းကူညီခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းတို့ဖြင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို ထိရောက် အောင်မြင်အောင် ဆောင်ရွက် သွားကြရန် အလေးထားမှာကြား လိုကြောင်း။

မိမိတို့ တပ်မတော်သည် စစ်စည်းကမ်းကိုအခြေခံပြီး အမိန့် နာခံတတ်မှုရှိအောင် လေ့ကျင့်ပေး ထားသည့် ကျစ်လျစ်သိပ်သည်းစွာ ဖွဲ့စည်းထားသော တပ်မတော်တစ် ရပ်ဖြစ်ကြောင်း၊ စစ်စည်းကမ်း သည် တပ်မတော်အတွက် အဓိက ကျောရိုး မဏ္ဍိုင်ဖြစ်သကဲ့သို့ စစ်သည်တော်ဘဝကို ခံယူထား ကြသူများဖြစ်၍ စစ်ဘက်ဥပဒေ နှင့် စစ်စည်းကမ်းများကိုသာမက နယ်ဘက် ဥပဒေများကိုလည်း လေးစားလိုက်နာကြရမည် ဖြစ် ကြောင်း၊ စည်းစနစ်ရှိသည့် တပ်မတော် သားကောင်းများ အဖြစ်သာမက သူနာပြုနှင့်ဆေး ဘက်ပညာသည်များ ဖြစ်သည့် အတွက် ကိုယ်ကျင့်သိက္ခာနှင့် ပတ်သက်လာပါက သာမန်ထက် ပိုပြီး စောင့်ထိန်းကြရန်လိုအပ် ကြောင်း၊ ထို့အပြင် ဆေးရုံ၊ ဆေးတပ်ဖွဲ့များအပြင် စစ်မြေပြင် တွင် ခြေလျင်တပ်ဖွဲ့များနှင့်အတူ တိုက်ပွဲဝင်သွားရမည် ဖြစ်ခြင်း ကြောင့် ရဲဘော်စိတ်ဆိုသည့် မေတ္တာတရား၊ သံယောဇဉ်တရား နှင့် သစ္စာစောင့်သိမှုတရားတို့ကို ကောင်းစွာထားရှိ မွေးမြူသွားကြ ရမည်ဖြစ်ကြောင်း။

 

စိတ်ဓာတ်၊ စည်းကမ်း ကောင်းမွန်ပြီး အရည်အချင်း ပြည့်ဝသည့် စစ်သည်တော် ကောင်းတစ်ဦး ဖြစ်လာစေရန် အတွက် အရေးအကြီးဆုံးအချက် သည် စစ်ရေးစွမ်းရည်၊ အုပ်ချုပ် ရေး စွမ်းရည်နှင့် စည်းရုံးရေး စွမ်းရည်ဆိုသည့် စွမ်းရည် သုံးရပ်နှင့် ပြည့်စုံနေအောင် စစ်သည် တစ်ဦးချင်းစီက ဖြည့်ဆည်းလေ့ကျင့် နေရမည်ဖြစ် ကြောင်း၊ ထို့ကြောင့် စွမ်းရည် သုံးရပ်ထက်မြက်ပြီး အခြေခံ အရည်အချင်းငါးပါးနှင့် ပြည့်စုံ အောင် နေထိုင်ပြုမူကျင့်ကြံကာ နိုင်ငံတော်နှင့် တပ်မတော်က အားကိုးအားထား ပြုရသည့် သူနာပြုနှင့် ဆေးဘက်ပညာသည် စစ်သည်တော်ကောင်းများ ဖြစ် အောင် ကြိုးပမ်းသွားကြရန် အလေးထားမှာကြားလိုကြောင်း။

 

“စေတနာ၊ အကြင်နာ၊ ဘေးကင်းကွာ” ဆိုသည့် ဆောင်ပုဒ်ကို နှလုံးသွင်းပြီး သူနာပြုကောင်း တစ်ဦးတွင် ရှိရမည့် ကျင့်ဝတ်၊ စိတ်ဓာတ်နှင့် အရည်အချင်း ပြည့်ဝသူများဖြစ် အောင် ကြိုးစားကျင့်ကြံနေထိုင် သွားကြရန်၊ မိမိတို့ တတ်ကျွမ်း နားလည်ထားသည့် ဆေးဘက် ပညာရပ်ဆိုင်ရာ အခြေခံကောင်း များကို ကောင်းမွန်မှန်ကန်စွာ အသုံးချပြီး သုတေသနပြု ရှာဖွေ ထုတ်လုပ်ခြင်းဖြင့် ပြည်သူလူထု အတွက် တတ်စွမ်းနိုင်သည့်ဘက် ကနေ ကာကွယ်စောင့်ရှောက်မှု ဆောင်ရွက် ပေးသွားကြရန်၊ သူနာပြု တပ်ဖွဲ့ဝင်များ၏ စွမ်းဆောင်နိုင်မှုများကို လေးစား အားကျဂုဏ်ယူစိတ်နှင့် ကြိုးစား ကြရမည်ဖြစ်သကဲ့သို့ သမိုင်းအစဉ် အလာကောင်းများကို ထိန်းသိမ်း ပြီး အမိကျောင်းတော်ကြီး၏ ဂုဏ်ကို မြှင့်တင်ပေးနိုင်သည့် စစ်သည်တော်ကောင်းများအဖြစ် ပြုမူကျင့်ကြံနေထိုင်သွားကြရန်၊ သက်ဆိုင်ရာသူနာပြုနှင့် ဆေးဘက် ပညာရပ် နယ်ပယ်အလိုက် အစဉ် တိုးတက်အောင် ကြိုးစားလုပ် ဆောင်သွားကြပြီး သူနာပြု အဓိဋ္ဌာန်ကတိသစ္စာ ၉ ချက်ကို လည်း အလေးထားလိုက်နာ စောင့်ထိန်းသွားကြရန်၊ စည်းစနစ် ရှိသည့် တပ်မတော်သားကောင်း များအဖြစ်သာမက ရဲဘော်စိတ် ဆိုသည့် မေတ္တာတရား၊ သံယောဇဉ် တရားနှင့် သစ္စာစောင့်သိမှုတရား တို့ကို ကောင်းစွာမွေးမြူထားရှိပြီး နိုင်ငံတော်နှင့် တပ်မတော်က အားထားရသည့် သူနာပြုနှင့် ဆေးဘက်ပညာသည်ကောင်းများ ဖြစ်အောင် ကြိုးစားလုပ်ဆောင် သွားကြရန်လိုကြောင်း တိုက်တွန်း ပြောကြားသည်။

 

ဂုဏ်ပြုအမှာစကားပြောကြား

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး သီရိပျံချီမဟာ သရေစည်သူ စိုးဝင်းသည် ကျောင်းဆင်း တပ်ခွဲများ၏ အလေးပြုခြင်းကို ခံယူပြီးနောက် စစ်ရေးပြအခမ်းအနားမှ ပြန်လည် ထွက်ခွာသည်။ စစ်ရေးပြအခမ်း အနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီး ချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူး ကြီး သီရိပျံချီ မဟာသရေစည်သူ စိုးဝင်းသည် တပ်မတော်သူနာပြု နှင့် ဆေးဘက်ပညာတက္ကသိုလ် ကျောင်းဌာနချုပ် ဧည့်ခန်းမ၌ ထူးချွန်ဆုရရှိကြသည့် သင်တန်း သူများအားတွေ့ဆုံ၍ ဂုဏ်ပြု အမှာစကားပြောကြားသည်။

 

ညပိုင်းတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် သူနာပြုနှင့်ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်း အမှတ်စဉ် (၂၂) နှင့် အမျိုးသမီး သူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံ ဘွဲ့ သင်တန်းအမှတ်စဉ်(၉) သင်တန်းဆင်း ဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့ တက်ရောက် ချီးမြှင့်ပြီး သင်တန်းဆင်းသူနာပြုများ၊ ညစာစားပွဲတက်ရောက်လာ ကြသူများနှင့်အတူ ဂုဏ်ပြုညစာ ကို အတူတကွ သုံးဆောင်ကြ သည်။

 

ကြည့်ရှုအားပေး

ညစာ သုံးဆောင်အပြီးတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် ဂုဏ်ပြုစစ်တီးဝိုင်း၏ ဂုဏ်ပြုတီးမှုတ်မှုအား ကြည့်ရှုအားပေးပြီး ချီးမြှင့်ငွေများ ပေးအပ်သည်။

 

ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီး ချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် ကျောင်းဆင်း သူနာပြုများနှင့် အတူ သဘင်ဆောင်၌ ပြည်သူ့ ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင် ရေး ညွှန်ကြားရေးမှူးရုံးကွပ်ကဲမှု အောက် မြဝတီတေးဂီတအဖွဲ့၏ ဂုဏ်ပြုဖျော်ဖြေ တင်ဆက်မှုများ ကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်