ညောင်ဦး ဒီဇင်ဘာ ၃၁
ရန်ကုန်မြို့၊ ဝေမျှခြင်းပရဟိတအဖွဲ့က မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် အရှေ့ဖွားစောကျေးရွာနှင့် သူဌေးကန်ကျေးရွာတို့မှ သက်ကြီးဘိုးဘွားများ သက်ရှည်ကျန်းမာစွာ နေထိုင်နိုင်ရန်နှင့် စားသောက်ရေး အဆင်ပြေစေရန် ရည်ရွယ်၍ ဒီဇင်ဘာ ၃၁ ရက် နံနက်ပိုင်းက ဆန်နှင့် ကြက်ဥများ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
ထောက်ပံ့လှူဒါန်းရာတွင် ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတအဖွဲ့မှ ဦးဝင်းမင်းထွန်း ဦးဆောင်သော ပရဟိတအဖွဲ့ဝင်များက ညောင်ဦးမြို့နယ် အရှေ့ဖွားစောကျေးရွာနှင့် သူဌေးကန်ကျေးရွာရှိ သက်ကြီးဘိုးဘွား (၂၄) ဦးအား တစ်ဦးလျှင် ဆန်နှစ်ပြည်နှင့် ကြက်ဥ(၁၀)လုံးစီတို့ကို စနစ်တကျ ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့၊ ဝေမျှခြင်းပရဟိတအဖွဲ့က စေတနာအလှူရှင်များ၏ ပံ့ပိုးကူညီမှုဖြင့် ညောင်ဦးမြို့နယ်အတွင်းရှိ သက်ကြီး ဘိုးဘွားများ အပါအဝင် ဝင်ငွေနည်း အိမ်ထောင်စုများအတွက် စားဝတ်နေရေး အခက်အခဲမဖြစ်စေရန် အခြေခံ စားသောက်ကုန် ဆန် ၊ ဆီနှင့် ကြက်ဥများ ထောက်ပံ့လှူဒါန်းခြင်း ၊ ဆေးဝါးနှင့် အာဟာရဖြည့်စွက်စာ စားသောက်ဖွယ်ရာ ပစ္စည်းများ ထောက်ပံ့ခြင်းနှင့် အလှူငွေများ ထောက်ပံ့ပေးခြင်းကို လစဉ် ထောက်ပံ့လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


