ကလော ဇန်နဝါရီ ၃
ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့ မြို့မပရိယတ္တိစာသင်တိုက်တွင် ရာဂီမုန်တိုင်း သဘာဝဘေးအန္တရာယ်ကြောင့် နေအိမ်ထိခိုက်ပျက်စီး ဆုံးရှုံးသွားသည့် ရေဘေးသင့်ပြည်သူ ၁၂၄၉ ဦးအနက် ၃၄၂ ဦးကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ဆက်လက်ထောက်ပံ့ခြင်းကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပသည်။
အခမ်းအနားတွင် ကလောမြို့ စစ်ဦးစီးတက္ကသိုလ်ကျောင်းအုပ်ကြီး ကလောတပ်နယ်မှူး ဗိုလ်မှူးချုပ် ကျော်ကျော်ဟန်နှင့် ကလောခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်တို့က နေအိမ်ထိခိုက်ပျက်စီး ဆုံးရှုံးသွားသည့် ပြည်သူ ၃၄၂ ဦးတို့အား အားပေးစကားပြောကြားပြီး တပ်နယ်မှူး၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူတို့က ရေဘေးသင့်ပြည်သူ ၃၄၂ ဦးကို တစ်ဦးလျှင် ငွေကျပ် ၁၇၅ဝဝဝဝ နှုန်းဖြင့် တစ်ဦးချင်းလက်ဝယ်အရောက် ပေးအပ်သည်။
ကလောမြို့နယ်ရှိ နေအိမ်ထိခိုက်ပျက်စီး ဆုံးရှုံးသွားသည့် ရေဘေးသင့်ပြည်သူ ၁၂၄၉ ဦးရှိသည့်အနက် ပထမအကြိမ်တွင် ၃၄၂ ဦး၊ ဒုတိယအကြိမ်တွင် ၃၄၃ ဦး စုစုပေါင်း ၆၈၅ ဦးကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ယနေ့တွင် တတိယအကြိမ်အဖြင့် ၃၄၂ ဦးပေးအပ်ရာ စုစုပေါင်း ၁၀၂၇ ဦး ပေးအပ်ခဲ့ကြောင်း၊ ကျန်ရှိပြည်သူများအား ဆက်လက်ထောက်ပံ့ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


