နေပြည်တော် ဇန်နဝါရီ ၄

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၃ ရက် နံနက် ၁၁ နာရီခွဲတွင် ရွှေပြည်သာမြို့နယ်၊ (၇) ရပ်ကွက်၊ နဝရတ်လမ်းတွင် မသင်္ကာဖွယ်တွေ့ရှိသူ လင်းထက်နိုင် (ခ) မိုးဒီ ကို စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄,၀၀၀ သိမ်းဆည်းရမိခဲ့ပြီး ရွှေပြည်သာမြို့နယ်၊ (ဏ/၁၄) ရပ်ကွက်ရှိ ၎င်း၏နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ ကိုလည်းကောင်း၊ ကွင်းဆက်အရ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် ရွှေပြည်သာမြို့နယ်၊ (ဏ/၁၄) ရပ်ကွက်တွင် မနေခြည်ဝင်း (ခ) နေခြည်ကိုစိတ်ကြွရူးသွပ် ဆေးပြား ၂၀၀ ကိုလည်းကောင်း၊ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင် ရွှေပြည်သာမြို့နယ်၊ (၉) ရပ်ကွက်တွင် ဇော်မင်းထွန်း (ခ) ဇော်ကြီး ကို စိတ်ကြွရူးသွပ်ဆေးပြား ၄,၀၀၀ ကိုလည်းကောင်း၊ ထိုနေ့ နံနက် ၉ နာရီခွဲတွင် တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ပါကွေ့ (အောက်) ကျေးရွာတွင် မသင်္ကာဖွယ်တွေ့ရှိသူ ပေါလို့ အား စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄,၀၀၀ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား