နေပြည်တော် ဇန်နဝါရီ ၄
ရှမ်းပြည်နယ်အတွင်းရှိ အကျဉ်းထောင်/ အချုပ်ထောင်/ စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသား၊ အကျဉ်းသူများမှ အကျဉ်းသား/ အကျဉ်းသူ ၃၉ဝ တို့သည် ယနေ့တွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိကြသည်။
ထိုသို့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် လွတ်မြောက်သွားသူ အကျဉ်းသား/ အကျဉ်းသူများကို စားစရိတ်နှင့် ခရီးစရိတ်တို့ကို တာဝန်ရှိသူများက ပေးအပ်ပြီး စနစ်တကျ အကျဉ်းထောင်မှ လွှတ်ပေးခဲ့ရာ မိသားစုဝင်များ၊ သူငယ်ချင်းနှင့် မိတ်ဆွေများက ရင်းနှီးပျော်ရွှင်စွာ ကြိုဆိုကြသည်။ 
ယနေ့တွင် ညောင်ရွှေအကျဉ်းထောင်မှ ၃၉ ဦး၊ ကျိုင်းတုံအကျဉ်းထောင်မှ ၂၅၀ ဦး၊ မိုင်းဆတ်အကျဉ်းထောင်မှ ၁၇ ဦး၊ တောင်ကြီးအချုပ်ထောင်မှ ၁၄ ဦး၊ စခန်းအသီးသီးမှ ၇၀ လွတ်မြောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်