နေပြည်တော် ဇန်နဝါရီ ၄
မြိတ်အကျဉ်းထောင်နှင့် ကျောက်ဖြူတောင်ကုန်ထုတ်စခန်းတို့တွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသား၊ အကျဉ်းသူများမှ အကျဉ်းသားအကျဉ်းသူ (၈၂) ဦးကို ယနေ့တွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
ထို့သို့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုရာတွင် တာဝန်ရှိသူများက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့် ဖတ်ကြားပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရ အကျဉ်းသား၊ အကျဉ်းသူများကို ဆုံးမစကားပြောကြားကာ ထောင်လွှတ်လက်မှတ်၊ စားစရိတ်၊ ခရီးစရိတ်နှင့် လုပ်အားရှင်ခံစားခွင့်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်