နေပြည်တော် ဇန်နဝါရီ ၆
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူပူးပေါင်း ပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် (Community Monitoring and Reporting System-CMRS) အပါအဝင်နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၂၃ ရက်မှ ၂၉ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၅ ဒသမ ၆၄၆၂)တန်၊ သစ်မာ (၁၉ ဒသမ ၇၅၅၄)တန်၊ အခြား (၁၃၅ ဒသမ ၈၀၉၄)တန်၊ စုစုပေါင်း (၁၆၁ ဒသမ ၂၁၁၀) တန်၊ ယာဉ်/ ယန္တရား (၆)စီး၊ တရားခံ (၁၇)ဦး ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံသစ်တော ဦးစီးဌာနမှသိရသည်။
သတင်းစဉ်