ဇန်နဝါရီ ၇
ထိုင်းနိုင်ငံတစ်ဝန်းတွင် ဒီဇင်ဘာ ၂၇ ရက်မှ ဇန်နဝါရီ ၅ ရက်နေ့အထိ နှစ်သစ်ကူးခရီးသွားကာလအတွင်း ယာဉ်မတော်တဆမှု ၂၄၆၇ ကြိမ်ဖြစ်ပွားခဲ့ရာ ၄၃၆ ဦး သေဆုံးခဲ့ပြီး အခြား ၂၃၇၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ယမန်နေ့က တရားဝင်ထုတ်ပြန်ဖော်ပြထားသည်။
အဆိုပါ ၁၀ ရက်တာကာလအတွင်း ယာဉ်မတော်တဆဖြစ်ပွားမှုအကြိမ်အရေအတွက်နှင့် ထိခိုက်ဒဏ်ရာရရှိမှုသည် လွန်ခဲ့သောနှစ် အလားတူကာလ ယာဉ်မတော်တဆမှုများနှင့်နှိုင်းယှဉ်လျှင် လျော့ပါးသွားသော်လည်း သေဆုံးမှုမြင့်မားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Songsak Thongsri ကပြောကြားသည်။
ယာဉ်ဘေးကင်းလုံခြုံရေးလှုပ်ရှားဆောင်ရွက်မှုကာလအတွင်း မြို့တော်ဘန်ကောက်တွင် ယာဉ်မတော်တဆဖြစ်ပွားမှုများ ကြောင့် ၂၆ ဦးသေဆုံးခဲ့ရာ သေဆုံးမှုအများဆုံးဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ၎င်းကပြောသည်။
ထိုယာဉ်မတော်တဆဖြစ်ပွားမှုများအနက် မော်တော်ဆိုင်ကယ်မတော်တဆဖြစ်ပွားမှုများသည် အများဆုံးဖြစ်ပြီး မတော်တဆမှုဖြစ်ပွားသည့် အဓိကအကြောင်းရင်းများမှာ အရှိန်လွန်မောင်းနှင်ခြင်းနှင့် ယာဉ်များရှေ့ဖြတ်မောင်းနှင်ခြင်း တို့ကြောင့်ဖြစ်သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို