နေပြည်တော် ဇန်နဝါရီ

 

မူး ယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် ဇန်နဝါရီ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီ တွင် ရမည်းသင်းမြို့၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ မိုင်တိုင် အမှတ်(၂၉၂)မိုင်နှင့် (၂၉၂/၁)မိုင်ကြားတွင် မျိုးသီဟဇော်(ခ)ဂတုံး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ  စိတ်ကြွရူးသွပ်ဆေးပြား ၉၀ ကိုလည်းကောင်း မွန်းလွဲ ၂ နာရီခွဲတွင် ရမည်းသင်းမြို့၊ ရွှေပြည်သာ ရပ်ကွက်ရှိ ၎င်း၏နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၃,၀၀၀ ကိုလည်းကောင်း၊ ထိုနေ့ နံနက် ၁၁ နာရီတွင် တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ မြို့ပတ်လမ်းတွင် အေးဖေ(ခ)အင်းသား မောင်းနှင်လာသည့် မော်တော် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ပြောင်း ဆေးဝါး Happy Water သုည ဒသမ ၂၃ ကီလို ကိုလည်းကောင်း ကွင်းဆက်အရ နံနက် ၁၁ နာရီခွဲတွင် တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ ဟိုတယ်တွင် ထွန်းထွန်းနိုင်(ခ)အားဖူ ကို စိတ်ပြောင်းဆေးဝါးများဖြစ်သည့် Happy Water ၁ ဒသမ ၇၄ ကီလို၊ အိုက်စ် ၁ ကီလို၊ အက်တက်စီ ဆေးပြား ၁၈၀ ၊ စိတ်ပြောင်းဆေးဝါး Happy Water ထုတ်လုပ်ရာတွင် အသုံးပြုသည့် GLUCOSE POWDER အမှုန့် ၅ ကီလို၊ ဖျော်စက်အသေး ၁ လုံးနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

(ရဲပြန်ကြား)