နေပြည်တော် ဇန်နဝါရီ ၁၅

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာနယ်ပယ်(၃) အကောင်အထည်ဖော်မှု ကြီးကြပ်ရေးကော်မတီ အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ ကျင်းပသည်။

အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင်၊ ကော်မတီအတွင်းရေးမှူး၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာနယ်ပယ်(၃) အကောင်အထည်ဖော်မှု ကြီးကြပ်ရေးကော်မတီ အဖွဲ့ဝင်များဖြစ်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ မြန်မာ့စီးပွားရေးဘဏ်၊ ငွေကြေးဆိုင်ရာမှုခင်း တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ ရှေ့နေရှေ့ရပ်နှင့် စစ်ဆေးရေးဌာန အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ မြန်မာနိုင်ငံဘဏ်များအသင်း၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၊ မြန်မာနိုင်ငံ စာရင်း ကောင်စီ၊ ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင်၊ သတင်းပို့အဖွဲ့ အစည်းများမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌက ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ(၂၀၂၄-၂၀၂၈)၌ အမျိုးသားအဆင့် မဟာဗျူဟာ၏ ရည်မှန်းချက်များပြည့်မီစေရန် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မဟာဗျူဟာ(၅)ရပ်ဖြင့် ဆောင်ရွက်ခြင်း ဖြစ်ပြီး မဟာဗျူဟာနယ်ပယ်(၃)အနေဖြင့် ဘဏ်နှင့်ငွေရေးကြေးရေး အဖွဲ့အစည်းများ၊ ငွေရေးကြေးရေးမဟုတ်သော စီးပွားရေးလုပ်ငန်းများနှင့် ကျွမ်းကျင်မှုဆိုင်ရာ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ၏ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ပိုမိုထိရောက်စွာ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန်ဖြစ်ကြောင်း၊ သတင်းပို့အဖွဲ့အစည်းများအနေဖြင့် မဟာဗျူဟာပါ အကောင်အထည်ဖော် ဆောင်ရွက်ရမည့်အချက်များကို သတ်မှတ်အချိန်ကာလအတွင်းပြီး မြောက်စေရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး လုပ်ငန်းများကို လိုက်နာဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာတည်ဆဲဥပဒေများကို တိကျစွာ လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဘဏ်လုပ်ငန်းစည်းမျဉ်းနှင့် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်မိုးမိုးကြည်က မဟာဗျူဟာနယ်ပယ်(၃) သတင်းပို့အဖွဲ့အစည်းများ အကောင်အထည်ဖော် ဆောင်ရွက်ရမည့် မဟာဗျူဟာအစီအစဉ်များကို လည်းကောင်း၊ ငွေကြေးဆိုင်ရာမှုခင်းတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ဒုတိယတပ်ဖွဲ့မှူး ရဲမှူးကြီးမြင့်စိုးက ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ(၂၀၂၄-၂၀၂၈)နှင့်စပ်လျဉ်း၍ လည်းကောင်း ဆွေးနွေးပြောကြားကြပြီး တက်ရောက်လာသူများကဌာန၊ အဖွဲ့အစည်းအလိုက် အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်