ဆိုးလ် ဇန်နဝါရီ ၁၅
တောင်ကိုရီးယားစုံစမ်းစစ်ဆေးသူများက သမ္မတယွန်ဆုခ်ယောကို ဖမ်းဆီးထိန်းသိမ်းလိုက်ပြီ ဖြစ်ကြောင်း ပြောကြားသည်။ သို့သော်လည်း ၎င်းသည် သက်ဆိုင်ရာနှင့် ပူးပေါင်းဆောင်ရွက်ရန် ငြင်းဆိုထားသည်။
ယွန်သည် ဒီဇင်ဘာလက ၎င်း၏ မာရှယ်လောထုတ်ပြန်မှုနှင့် ပတ်သက်ပြီး ပုန်ကန်မှုစွဲချက်များ ဖြင့် ရင်ဆိုင်နေရကြောင်း၊ တောင်ကိုရီးယားနိုင်ငံ သမိုင်းတစ်လျှောက် တာဝန်ထမ်းဆောင်ဆဲ သမ္မတတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်ခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်ကြောင်း သိရသည်။
ယွန်ကို ဆိုးလ်မြို့အနီး ဂျောင်ဂီပြည်နယ်ရှိ အဆင့်မြင့်အရာရှိများအတွက် စုံစမ်းစစ်ဆေးရေး ရုံးတွင် မေးမြန်းစစ်ဆေးနေသည်။ ဗီဒီယိုရိုက်ကူးမှုကိရိယာများပါရှိသည့် အခန်းတစ်ခုအတွင်း မေးမြန်းမှုများ လုပ်ဆောင်နေသော်လည်း ယွန်က စကားပြောရန် သို့မဟုတ် ရိုက်ကူးရန် ငြင်းဆိုကြောင်း ယွန်ဟက်သတင်းဌာနက ပြောသည်။ သမ္မတ လုံခြုံရေးအဖွဲ့နှင့် ပဋိပက္ခ ဖြစ်ပွားခြင်းမရှိကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ