မနီလာ ဇန်နဝါရီ ၁၅
ဖိလစ်ပိုင်မြို့တော် မနီလာရှိ နှစ်ထပ်အိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ပြီး အိမ်ထဲ၌ ပိတ်မိနေ သော အသက်ငါးနှစ်၊ ၁၁ နှစ် နှင့် ၁၆ နှစ်အရွယ်မိန်းကလေးသုံးဦးသေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ဇန်နဝါရီ ၁၅ ရက်က ပြောကြားခဲ့သည်။
ဇန်နဝါရီ ၁၄ ရက် မီးလောင်မှုဖြစ်ပွားချိန်တွင် သေဆုံးသူများမှာ ဒုတိယထပ်၌ အိပ်ပျော်နေသူများ ဖြစ်ကြောင်း ရဲအရာရှိ အလီ ဂျန်ဒရိုရာမိုးစ်က ပြောသည်။
သေဆုံးသူ ကလေးများ၏ မိခင်ဖြစ်သူမှာ မြေညီထပ်ရေချိုး ခန်းထဲ၌ အခြားကလေးတစ်ဦးကို ရေချိုးပေးနေချိန်တွင် မီးလောင်မှုဖြစ်ပွားခဲ့သောကြောင့် အပေါ်ထပ်တွင် အိပ်ပျော်နေသော ကလေးများကို မီးလောင်မှုမှ မကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။
မီးလောင်မှုကို ငြှိမ်းသတ်နိုင်ရန် မီးလောင်မှုဖြစ်ပွားနေသော အိမ်အတွင်းသို့ မီးသတ်သမားများ ဝင်ရောက်ရန် ကြိုးစားသော်လည်း မီးခိုးလုံးများနှင့် ကျဉ်းမြောင်းနေသော လမ်းများကြောင့် အထဲသို့ ဝင်ရောက်ရန် အခက်ကြုံခဲ့သောကြောင့် မီးသတ်သမားများသည် မီးလောင်မှုကို ငြှိမ်းသတ် ရန် တစ်နာရီခန့် ကြာ မြင့်ခဲ့သည်။
မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
ဆင်ဟွာ