ဇန်နဝါရီ ၁၆

ဘင်္လားဒေ့ရှ်နိုင်ငံတွင် အသက်ရှုလမ်းကြောင်းဆိုင်ရာကူးစက်မြန်ဗိုင်းရပ်စ် HMPV ဖြစ်ပွားရာမှ ပထမဆုံးသေဆုံးမှုရှိလာကြောင်း ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။

အဆိုပါ အသက်ရှုလမ်းကြောင်းဆိုင်ရာကူးစက်မြန်ဗိုင်းရပ်စ် HMPV ကြောင့်သေဆုံးသူမှာ အမျိုးသမီးတစ်ဦးဖြစ်ကြောင်းနှင့် မြို့တော်ဒါကာ၏ ကူးစက်ရောဂါကုဆေးရုံတွင် ဇန်နဝါရီ ၁၂ နေ့က ဆေးကုသမှုခံယူခဲ့ကြောင်းနှင့်ဇန်နဝါရီ ၁၅ ရက် ဒေသစံတော်ချိန် ည ၆ နာရီဝန်းကျင်တွင် သေဆုံးသွားကြောင်း ဖော်ပြထားသည်။

ထိုအမျိုးသမီးတွင် အဆုတ်ရောဂါ၊ ကျောက်ကပ်ရောဂါနှင့် အဝလွန်ခြင်းတို့အပါအဝင် နောက်ဆက်တွဲရောဂါများစွာရှိသည်ဟု ဆေးရုံတာဝန်ရှိသူတစ်ဦးက ယမန်နေ့ကသတင်းထုတ်ပြန်ခဲ့သည်။

ယခုရာသီအတွင်း ယင်းအမျိုးသမီးတွင် အသက်ရှုလမ်းကြောင်းဆိုင်ရာကူးစက်မြန်ဗိုင်းရပ်စ် HMPV  ဖြစ်ပွားကြောင်း ပထမဆုံးစစ်ဆေးတွေ့ရှိပြီးမကြာမီ သေဆုံးခဲ့ခြင်းဖြစ်သည်။ ၎င်းလူနာတွင် နိုင်ငံခြားခရီးသွားရာဇဝင်မရှိကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို