နေပြည်တော် ဇန်နဝါရီ ၁၆
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
 မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဇန်နဝါရီ ၁၄ ရက်တွင် ပခုက္ကူမြို့နယ်၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် (၂) စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၀,၀၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ ဇန်နဝါရီ ၁၅ ရက်တွင် မင်းတုန်းမြို့၊ ပုသိမ်-မုံရွာကားလမ်းအနီး၌ တရားမဝင် စက်သုံးဆီ ဓာတ်ဆီဂါလန် (၂၀) ၊ ဒီဇယ်ဆီဂါလန် (၂၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၉၆,၀၀၀) နှင့် အဆိုပါစက်သုံးဆီများ တင်ဆောင်လာသည့် မော်တော်ဆိုင်ကယ် (၂) စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၂၀၀,၀၀၀) ကို ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၁,၈၅၆,၀၀၀) ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ဇန်နဝါရီ ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အေးရှားဝေါလ် ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ (၆) လုံး အတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း (၈) မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၉၄,၄၀၆,၀၁၀) ကိုလည်းကောင်း၊ မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ (၁၅) လုံး အတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း (၁၄) မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၁၈၆,၅၀၅,၄၂၅) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၄၈၀,၉၁၁,၄၃၅) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ဇန်နဝါရီ ၁၅ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၌ လိုင်စင်မဲ့ မော်တော်ယာဉ် (၂) စီးနှင့် လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် (၆) စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၇၀,၀၀၀,၀၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ တောင်ငူခရိုင်နှင့် ပြည်ခရိုင်တို့ အတွင်း၌ တရားမဝင် ကျွန်းသစ် (၁၅ ဒသမ ၃၇၀) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၇,၃၁၆,၆၅၄) ကို သစ်တောဥပဒေ အရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၇,၃၁၆,၆၅၄) ကို ဖမ်းဆီး အရေးယူဆောင်ရွက်လျက်ရှိသည်။
အလားတူ မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြစ်ငယ်စစ်ဆေးရေးစခန်း၌ ရန်ကုန်မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် (၁) စီးပေါ်မှ တရားဝင်စာရွက် စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း (၂) မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅,၀၀၀,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Renault Tractor Head (၁) စီးနှင့် နောက်တွဲယာဉ် (၁) တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၁,၀၀၀,၀၀၀) ကိုလည်းကောင်း၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ် (၃၆၆/၆)၊ တံခွန်တိုင်အဝိုင်းအနီး၌ မော်တော်ယာဉ် (၂) စီးပေါ်မှ တရားဝင်စာရွက် စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း (၁၀) မျိုး၊ လူသုံးကုန်ပစ္စည်း (၆) မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၉,၈၃၁,၅၄၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Yutong Bus (၁) စီးနှင့် Scania Bus (၁) စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၀,၀၀၀,၀၀၀) ကိုလည်းကောင်း၊ ကျောက်ဆည်မြို့၊ မြို့ရှောင်လမ်း၌ မော်တော်ယာဉ် (၁) စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း (၂) မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂,၈၅၉,၂၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Truck (၁) စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၁,၀၀၀,၀၀၀) ကိုလည်းကောင်း၊ စုစု‌ပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၉,၆၉၀,၇၄၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဇန်နဝါရီ ၁၅ ရက်တွင် ရဲသာယာယီ ယာဉ်စစ်ကွင်း၌ မော်တော်ယာဉ်(၁) စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း (၂) မျိုး၊ လူသုံးကုန်ပစ္စည်း (၂) မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄,၉၀၀,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅,၀၀၀,၀၀၀) ကိုလည်းကောင်း၊ ဇန်နဝါရီ ၁၆ ရက်တွင် မြဝတီမြို့၊ အမှတ် (၅) ရပ်ကွက်၊ (၅) လမ်း၊ ရေပူကျေးရွာ၊ မွေးမြူရေးဇုန်အနီး၌ စုပုံထားသော အကောက်ခွန်မဲ့ လူသုံးကုန်ပစ္စည်း (၁) မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၀,၀၈၀,၀၀၀) ကိုလည်းကောင်း၊ စုစု‌ပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၉,၉၈၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၄ ရက်၊ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၃၃)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၀၃၉,၇၅၄,၈၂၉) ကို ဖမ်းဆီးရမိသည်။ တရားမဝင် ကုန်သွယ်မှုများကြောင့် အသေးစား၊ အငယ်စားနှင့်အလတ်စား ပြည်တွင်းစီးပွားရေးလုပ်ငန်းများမှ ထုတ်လုပ်သည့် ကုန်ပစ္စည်းများ စျေးကွက်အတွင်း မျှတစွာ ယှဉ်ပြိုင်နိုင်မှုမရှိခြင်းနှင့် စျေးကွက်ပျောက်ဆုံးခြင်းတို့ ဖြစ်ပေါ်စေပြီး ပြည်တွင်းကုန်ထုတ်လုပ်ငန်းများ ရေရှည်ရပ်တည်နိုင်ရေးအတွက် ကြီးမားသည့် ခြိမ်းခြောက်မှုများကို ဖြစ်ပေါ်စေသည်။ သို့ဖြစ်၍ သက်ဆိုင်ရာတာဝန်ရှိသူများမှ ယခုထက်ပိုမို၍ တားဆီးစစ်ဆေး ကြပ်မတ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်