ပါရီ ဇန်နဝါရီ ၁၇
ပြင်သစ်နိုင်ငံ ပါရီမြို့၌ ဇန်နဝါရီ ၂၀ ရက်မှစတင်ကာ ယခင်ကတွစ်တာဟုခေါ်သည့် X အသုံးပြုမှုကို ရပ်နား သွားမည်ဖြစ်ကြောင်း ပါရီမြို့က ဆိုသည်။
လူမှုကွန်ရက် မီဒီယာပလက်ဖောင်း Xက တမင်ဖန်တီးထားသည့် မမှန်သတင်းများနှင့် ပြင်းထန်သောမှတ်ချက်များကို ပျံ့နှံ့ရန် ကူညီပေးနေမှုနှင့် ပတ်သက်၍ ကိုးကားဖော်ပြထားခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။
ပြင်သစ်မြို့သည် ဇန်နဝါရီ ၂၀ ရက်တွင် လူမှုကွန်ရက်မီဒီယာ X ပလက်ဖောင်းမှ ထွက်ခွာမည်ဖြစ်ကြောင်း၊ ၎င်းအကောင့်ကို ၂၀၀၉ ခုနှစ်က ဖွင့်လှစ်ခဲ့ပြီး လက်ရှိတွင် ဖော်လိုဝါ ၂ ဒသမ ၂ သန်းကျော်ရှိ ကြောင်း ဇန်နဝါရီ ၁၆ ရက်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ဇန်နဝါရီ ၁၀ ရက်က ဂျာမနီနှင့် ဩစတြီးယားနိုင်ငံတို့ရှိ တက္ကသိုလ်များနှင့် သုတေသန အဖွဲ့အစည်းများ အပါအဝင် အဖွဲ့အစည်း ၆၀ ကျော်သည် လူမှုကွန်ရက်မီဒီယာ X အသုံးပြု မှု ရပ်တန့်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
ဆင်ဟွာ