လူဆာကာ ဇန်နဝါရီ ၁၇
ဇမ်ဘီယာနိုင်ငံ၌ မျောက်ကျောက်ရောဂါဖြစ်ပွားသူသစ် သုံးဦးအတည်ပြု တွေ့ရှိသဖြင့် အဆိုပါရောဂါကူးစက်ဖြစ်ပွား သူစုစုပေါင်း ခုနစ်ဦး ရှိလာပြီဖြစ်ကြောင်း တာဝန်ရှိသူများက ဇန်နဝါရီ ၁၆ ရက်တွင် ပြောကြားသည်။
ဇန်နဝါရီ ၁၀ ရက်မှ ၁၆ ရက်အတွင်း မြို့တော်လူဆာကာ၌ မျောက်ကျောက်ရောဂါဖြစ်ပွားသူ နှစ်ဦးရှိပြီး ကော့ပါးဘက်ပြည်နယ်တွင် ရောဂါဖြစ်ပွားသူ တစ်ဦးတွေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီး အလီဂျာ့ မူချီမာက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
ဝန်ကြီးဌာနသည် ရောဂါပြန့်ပွားမှုကို ထိန်းချုပ်ရန်အတွက် ရောဂါဖြစ်ပွားရာဒေသများတွင် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ဝန်ကြီးက ပြောကြားသည်။ ဇမ်ဘီယာနိုင်ငံ၌ ၂၀၂၄ ခုနှစ် အောက်တိုဘာလအတွင်း ပထမဆုံး မျောက်ကျောက်ရောဂါဖြစ်ပွားသူကို တွေ့ရှိခဲ့ကြောင်း၊ ပထမဆုံးရောဂါဖြစ်ပွားသူမှာ နိုင်ငံအတွင်းသို့ လာရောက် လည်ပတ်သည့် တန်ဇန်းနီးယားနိုင်ငံသားတစ်ဦးဖြစ်ကြောင်း သိရသည်။
ဆင်ဟွာ