ချောက် ဇန်နဝါရီ ၁၈
မကွေးတိုင်းဒေသကြီး ချောက်ခရိုင် ချောက်မြို့နယ်၌ ဌာနဆိုင်ရာများစုပေါင်း၍သန့်ရှင်းရေးပြုလုပ်ခြင်းကို အမှတ်(၁၀)ရပ်ကွက်ရှိမြို့နယ်ပြည်သူ့ဆေးရုံဝန်းအတွင်းအပြင်၌ယနေ့နံနက်(၇)နာရီအချိန်ကဆောင်ရွက်ခဲ့သည်။
အဆိုပါဌာနဆိုင်ရာများစုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာ၌မြို့နယ်ပြည်သူ့ဆေးရုံသန့်ရှင်းသာယာလှပရေးအတွက် ပေါင်းမြက်အမှိုက်များရှင်းလင်းခြင်း၊ ခြုံနွယ်များရှင်းလင်းခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြပြီး အမှိုက်များကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှိုက်သယ်ယာဉ်ဖြင့်စနစ်တကျသယ်ယူစွန့်ပစ်ခြင်းကိုစုပေါင်းဆောင်ရွက်ခဲ့သည်။
ထိုသို့စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကိုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဉီးမိုးဇော်နိုင်ကြီးကြပ်မှုဖြင့်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဉီးစိုးလွင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ စုစုပေါင်း အင်အား(၂၂၅)ဦးဖြင့် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကျော်မိုး(ပြန်/ဆက်)


