ဂါဇာ ဇန်နဝါရီ ၁၉



အစ္စရေးနှင့် ဟားမားစ်တို့အကြား ဂါဇာကမ်းမြောင်၌ သီတင်းခြောက်ပတ်ကြာ အပစ်အခတ်ရပ်စဲရေးကို စတင်လိုက်ပြီဖြစ်ကြောင်း သိရသည်။



အပစ်အခတ် ရပ်စဲရေးကို ဇန်နဝါရီ ၁၉ ရက် ဒေသစံတော်ချိန် နံနက် ၈ နာရီခွဲတွင်စတင်ခဲ့သည်။ လွတ်မြောက်မည့် ဓားစာခံများ အမည်စာရင်းကို ဟားမားစ်က ထုတ်ပြန်ဖော်ပြခြင်း မရှိကြောင်း အစ္စရေးက ပြောသည်။ လွတ်မြောက်မည့် အမည်စာရင်း တင်သွင်းရာတွင် နှောင့်နှေးကြန့်ကြာရခြင်းမှာ နည်းပညာ အခက်အခဲကြောင့်ဖြစ်ကြောင်း ဟားမားစ်က ပြောသည်။

 

ထို့နောက် ကြားဝင်ညှိနှိုင်း ဖျန်ဖြေပေးသော နိုင်ငံသို့ အမျိုးသမီးသုံးဦး အမည်စာရင်းကို တင်သွင်းခဲ့ကြောင်း ဟားမားစ်ကပြောသည်။ အဆိုပါ စာရင်းကို အစ္စရေးက လက်ခံခဲ့ကြောင်းနှင့် ဓားစာခံများ လွှတ်ပေးမှုကို မွန်းလွဲပိုင်းတွင် ပြုလုပ်သွားဖွယ် ရှိကြောင်း သိရသည်။

 

သဘောတူညီချက်အရ ဟားမားစ်က ဓားစာခံ ၃၃ ဦး လွှတ် ပေးသွားဖွယ်ရှိသည်။ အစ္စရေးဘက်ကလည်း ပါလက်စတိုင်း အကျဉ်းသားများကို ပြန်လွှတ်ပေးရန်နှင့် လူဦးရေထူထပ်သော ဒေသများမှ ၎င်း၏တပ်ဖွဲ့ဝင် များကို ရုပ်သိမ်းသွားရန်စီစဉ်ထားသည်။

 

အင်န်အိတ်ချ်ကေ