နေပြည်တော် ဇန်နဝါရီ ၂၁
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက နေပြည်တော် ကောင်စီနယ်မြေ၊ တပ်ကုန်း မြို့နယ်အတွင်း ဆီထွက်သီးနှံစိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုအောင်မြင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက် နေမှုများကို ကွင်းဆင်းစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ် ဥယျာဉ်ကျေးရွာ ယာယီရှင်းလင်းဆောင်၌ ဥယျာဉ်စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းသားများ၊ ဆီထွက်သီးနှံနေကြာစိုက် တောင်သူများနှင့် တွေ့ဆုံ၍ ပြည်ပမှ စားသုံးဆီတင်သွင်းမှုလျော့ချရန် ဆီထွက်သီးနှံမြေပဲနှင့် နေကြာတိုးချဲ့စိုက်ပျိုးရေး၊ နိုင်ငံ စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မျိုး၊ ဓာတ်မြေ ဩဇာ၊ သွင်းအားစုများ ထောက်ပံ့ပေးလျက်ရှိပြီး ထွက်ရှိလာသောသီးနှံများ ဈေးကွက်ရရှိရေး၊ နွေစပါးအချိန်မီထွန်ယက်စိုက်ပျိုးနိုင်ရေး ဆွေးနွေးမှာကြားပြီး ဆောင်းနေကြာစိုက်ပျိုးထားရှိမှု များကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ရှားတောကျေးရွာသို့သွားရောက်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဆောင်ရွက် ထားသော ဆင်သေချောင်းယာယီရေထိန်းတာ တည်ဆောက်၍ ဆိုလာဓာတ်အားပေးစနစ်ဖြင့် စိုက်ပျိုးရေပေးဝေ နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက စိုက်ပျိုးရေအချိန်မီရရှိရေးနှင့် ရာသီအလိုက်သီးနှံများ သီးထပ်သုံးသီးစိုက်ပျိုးနိုင်ရေး ဆွေးနွေးမှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ်၊ ချောင်းကမ်းကြီးကျေးရွာရှိ ချောင်းကမ်းကြီးစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းပိုင် စိုက်ပျိုးမြေ ၇၉ ဧကကျော်အနက် ၂၂ ဧကတွင် ဆီးထွက်သီးနှံ ဆောင်းနေကြာစိုက်ပျိုးထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး အသင်းသားတောင်သူများနှင့် တွေ့ဆုံ၍ စိုက်ပျိုးရန်ကျန်ရှိသည့် ဧကများတွင် နွေစပါးစိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးရေအချိန်မီရရှိရေး၊ မျိုးနှင့် သွင်းအားစုများ တောင်သူများလက်ဝယ် အချိန်မီရောက်ရှိရေးနှင့် ပန်တိုင်အထွက်နှုန်းပြည့်မီရေး၊ သီးနှံများဈေးကွက် ရရှိရေး ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။
(သတင်းစဉ်)


