ရန်ကုန် ဇန်နဝါရီ ၂၁
ရန်ကုန်တိုင်းဒေသကြီး စားအုန်းဆီ အိမ်တိုင်ရာရောက် ဖြန့်ဖြူးရေးကော်မတီသည် ဆီစားသုံးသူ ပြည်သူများ အဆင်ပြေစွာ ဝယ်ယူစားသုံးနိုင်ရန် စားအုန်းဆီများကို အိမ်တိုင်ရာရောက် ဖြန့်ဖြူး ရောင်းချပေးလျက်ရှိသည်။
ထို့အပြင် နိုင်ငံ့ဝန်ထမ်းများ၊ စက်မှုဇုန်များမှ ဝန်ထမ်းများ၊ လုပ်သားများနှင့် ဘုန်းကြီးကျောင်းများ ကိုလည်း အဆင်ပြေစွာ ဝယ်ယူစားသုံးနိုင်ရန် ရောင်းချပေးလျက်ရှိသည်။
ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စီးပွားရေးဘဏ်ခွဲ ၉ ခု၌ ပင်စင်ထုတ်ယူ လျက်ရှိသော နိုင်ငံ့ဝန်ထမ်းပင်စင်စားများ လွယ်လင့်တကူ ဝယ်ယူစားသုံးနိုင်ရန်အတွက် စားအုန်းဆီ ရောင်းချပေး လျက်ရှိပြီး ဇန်နဝါရီ ၂၄ ရက်အထိ လေးရက်တိုင် ရောင်းချပေးသွားမည်ဖြစ်ကာ တစ်ဉီးလျှင် သုံးပိသာ အထိ ဝယ်ယူနိုင်ကြောင်း သိရသည်။
ဇော်မင်းလတ်-MNA


