ရန်ကုန် ဇန်နဝါရီ ၂၁
ကျန်းမာရေးဝန်ကြီးဌာနက ကြီးမှူးကျင်းပသော (၅၃)ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသန ညီလာခံ ဒုတိယနေ့ကို ယနေ့တွင် ရန်ကုန်မြို့ ဒဂုံမြို့နယ် အမှတ်-၅ ဇီဝကလမ်းရှိ ဆေးသုတေသန ဦးစီးဌာန(ရုံးချုပ်)၌ ဆက်လက်ကျင်းပရာ သုတေသနစာတမ်းရှင်များက သုတေသနစာတမ်းစုစုပေါင် ၂၉ စောင်ကို ဖတ်ကြားတင်ပြကြသည်။
နံနက်ပိုင်းတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ အတိုင်ပင်ခံဆရာဝန်ကြီး၊ အထူးကုဆရာဝန်များနှင့် လက်ထောက် ဆရာ၀န်များ၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ကုတင် ၁၀၀၀)မှ အတိုင်ပင်ခံဆရာဝန်ကြီး၊ နေပြည်တော် အမှတ်(၂)တပ်မတော်ဆေးရုံကြီးမှ သမားတော်၊ မကွေးတိုင်းပြည်သူ့ဆေးရုံကြီးမှ အတိုင်ပင်ခံ ဆရာဝန်ကြီး၊ ရန်ကုန်သူနာပြုသင်တန်းကျောင်းနည်းပြ၊ ဆေးသုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးနှင့် သုတေသန မှူး များ၊ တပ်မတော်ဆေးတက္ကသိုလ်မှ ဘွဲ့လွန်သင်တန်းသား၊ သင်တန်းသူများ၊ ပြည်သူ့ကျန်းမာရေးဦးစီး ဌာန ညွှန်ကြားရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ကျန်းမာရေးမှူးများ၊ အခြေခံကျန်းမာရေး တက္ကသိုလ်(မကွေး)မှ လက်ထောက်ကထိကတို့က သုတေသနစာတမ်းများကို ဖတ်ကြားတင်သွင်းကြပြီး တက်ရောက်လာသူများက မေးမြန်းဆွေးနွေးအကြံပြုကြသည်။
မွန်းလွဲပိုင်းတွင် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး(သူနာပြု)၊ ဆေးဝါး တက္ကသိုလ်(ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ ဆေးသုတေသနဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးနှင့် သုတေသန အရာရှိများ၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်း (ပုသိမ်မြို့)ကျောင်းအုပ်၊ ထားဝယ်ပြည်သူ့ ဆေးရုံကြီးမှ သူနာပြုဆရာမကြီး၊ ခုတင်(၅၀၀)အထူးကုဆေးရုံကြီး(ရန်ကုန်)မှ သူနာပြုဆရာမကြီး၊ ရန်ကုန် ကလေးဆေးရုံကြီး သူနာပြုနှီးနွယ်ကွင်းဆင်းလေ့ကျင့်သင်တန်းကျောင်း တွဲဖက်တာဝန်နှင့် တာဝန်ခံ သူနာပြုဆရာမကြီးတို့က သုတေသနစာတမ်းများကို ဖတ်ကြားတင်သွင်းခဲ့ကြပြီး တက်ရောက်လာသူများက မေးမြန်းဆွေးနွေး အကြံပြုခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
မွန်းလွဲပိုင်းသဘာပတိများအဖြစ် ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာစုစုဒွေး၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ပါမောက္ခဒေါက်တာခင်ဇော်၊ သူနာပြုတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ်ဒေါက်တာ တင်တင်ကျော်၊ ဆေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးဒေါက်တာတင်ဦးတို့က ဆောင်ရွက်ခဲ့ကြပါသည်။
စာတမ်းဖတ်ပွဲသို့ ဘာသာရပ်ဆိုင်ရာပညာရှင်များ၊ စာတမ်းရှင်များနှင့် သုတေသီများ စုစုပေါင်း (၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများက စာတမ်းရှင်များအား မေးမြန်းဆွေးနွေး အကြံပြုကြပါသည်။ (သတင်းစဉ်)


