ချောင်းဆုံ ဇန်နဝါရီ ၂၂

 

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၌ ဒေသတွင်း စားသုံးဆီဖူလုံစေရေးနှင့် ဆောင်းသီးနှံစိုက်တောင်သူများ မျိုးကောင်းမျိုးသန့်များကို နည်းစနစ်မှန်ကန်စွာ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်းနှင့် တာဝန်ရှိသူများက ယနေ့တွင် ကုလားဘီကျေးရွာ ဆီထွက်သီးနှံ နေကြာ ဧက ၂၀၀ စံပြကွက်နှင့် နတ်မှော်ကျေးရွာရှိ စိုက်ပျိုးရေးဦးစီးဌာန နေကြာစံပြစိုက်ကွက်များသို့ ကွင်းဆင်းကြည့်ရှုကြသည်။

 

ချောင်းဆုံမြို့နယ်အတွင်း ဆောင်းသီးနှံစိုက်ပျိုး ထုတ်လုပ်မှုအနေဖြင့် ဆီထွက်သီးနှံ ၅၃၂၅ ဧက၊ နွေစပါး ၁၂၄ ဧက၊ ပဲမျိုးစုံ ၃၉၉၂ ဧကနှင့် ပိုက်ဆံလျှော် ဧက ၂၀ စိုက်ပျိုးနိုင်ရန်အတွက် လျာထားဆောင်ရွက်လျက်ရှိရာ ယနေ့အထိ ဆောင်းသီးနှံ စုစုပေါင်း ၉၆၉၃ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

ကိုကျော်(ချောင်းဆုံ)