နေပြည်တော် ဇန်နဝါရီ ၂၂
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည် တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်း တွင် ဇေယျာသီရိမြို့နယ် အောင်ဇေယျရပ်ကွက်၊ မအူတောကျေးရွာအုပ်စုနှင့် သက်နှင်းအင်း ကျေးရွာအုပ် စုတို့တွင် စက်မှုလယ်ယာဦးစီးဌာနမှ ဆောင်ရွက်နေသည့် စက်မှုလယ်ယာစနစ်ကျ လယ်မြေ ဧက ၂၆၀ ဒသမ ၇၀ ဖော်ထုတ်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် အဖွဲ့ဝင်များနှင့်သည် ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ စက်မှုလယ်ယာစနစ်ကျလယ်မြေ ဖော်ထုတ်ပေးခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး တောင်သူများ၏တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ စက်မှုလယ်ယာစနစ်ကျ လယ်မြေ ဖော်ထုတ်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။
ထို့နောက် ဇေယျာသီရိမြို့နယ်အတွင်းရှိ ရန်ကုန်-မန္တလေးပြည်ထောင်စုလမ်းမကြီးမှ သာယာ စုကျေးရွာချင်းဆက်လမ်း အောက်ခံကျောက်လမ်းပြုပြင်ခြင်း၊ ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုနှင့် ကျေးရွာအနီးရှိ ဆောင်းသီးနှံမတ်ပဲစိုက်ခင်းကို ကြည့်ရှုစစ်ဆေးပြီး ပုဗ္ဗသီရိ မြို့နယ် ဘဲကုန်းကျေးရွာ ကွင်းအမှတ်(၁၆၂၃-က)ရှိ ယာယီရှင်းလင်းဆောင်၌ ဒေသခံ တောင်သူများ နှင့် တွေ့ဆုံကာ တောင်သူများထံ သွင်းအားစု ဓာတ်မြေဩဇာများ ပေးအပ်သည်။
ယင်းနောက် ပုဗ္ဗသီရိမြို့နယ် ဆင်ဖြူရှင်ရပ်ကွက်ရှိ ဆင်ဖြူရှင်တောရပရိယတ္တိစာသင်တိုက် မြေထိန်းနံရံတည်ဆောက်နေမှုကိုလည်းကောင်း၊၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ နေပြည်တော်ကောင်စီ ရန်ပုံငွေဖြင့် တပင်ရွှေထီးရပ်ကွက် ခရေလမ်း ကွန်ကရစ်လမ်းခင်းနေမှုကိုလည်းကောင်း၊ ပုဗ္ဗသီရိမြို့ နယ် မြို့ပတ်လမ်း၊ ဥတ္တရသီရိမြို့နယ် သီရိမဏ္ဍိုင်လမ်းမကြီးနှင့် မြို့ပတ်လမ်းတို့တွင် နေပြည် တော်စည်ပင်သာယာရေးကော်မတီမှ သန့်ရှင်းသာယာလှပရေးလုပ်ငန်း ဆောင်ရွက်နေမှုကို လည်း ကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် နေပြည်တော်ကောင်စီရုံး အစည်းအဝေး ခန်းမ(၁)၌ကျင်းပသည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ နေပြည်တော်ကောင်စီ၏ ငွေလုံးငွေရင်းရန်ပုံ ငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက် ရောက်အမှာစကားပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


