ဝါရှင်တန် ဇန်နဝါရီ ၂၂
သမ္မတဒေါ်နယ်ထရမ့် အစိုးရလက်ထက်တွင် မာကိုရူဘီယိုကို နိုင်ငံခြားရေးဝန်ကြီးအဖြစ် အမေရိကန်အထက်လွှတ်တော်က တညီတညွတ်တည်း အတည်ပြုလိုက်ကြောင်း သိရသည်။
ထို့ကြောင့် ရူဘီယိုသည် ထရမ့်၏အစိုးရအဖွဲ့ အမည်စာရင်း တင်သွင်းသူများအနက် အထက် လွှတ်တော်၏ ထောက်ခံအတည်ပြုချက်ကို ပထမဆုံးရရှိသူဖြစ်လာခဲ့သည်။ ၎င်းသည် ယခင်က ဖလော်ရီဒါပြည်နယ်ကိုယ်စားပြု အထက်လွှတ်တော်အမတ်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
နိုင်ငံခြားရေးဝန်ကြီးသစ် ရူဘီယိုသည် ဂျပန်နိုင်ငံခြားရေးဝန်ကြီး အီဝါယာ တာကေးရှီအပါအဝင် နိုင်ငံအသီးသီးမှ နိုင်ငံရေးသမားများ၊ ထိပ်တန်းပုဂ္ဂိုလ်များနှင့် တွေ့ဆုံသွားဖွယ်ရှိသည်။
အင်န်အိတ်ချ်ကေ