တနင်္သာရီ ၈  မတ်


တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်တွင် ၂ဝ၁၉ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ သင်္ချာဘာသာရပ်အား မတ်လ ၈ ရက် နံနက် ၉ နာရီအချိန်မှစ၍ ကျောင်းတွင်းစာစစ်ဌာန(၄)ခုတို့တွင် ကျောင်းသူ/ကျောင်းသား (၁၇၁၄) ဦးနှင့် တကူတိုက်နယ်ဆေးရုံစာစစ်ဌာန အတွင်း ကိုယ်တိုင်ရေးဖြေဆိုသူ တစ်ဦး၊ စုစုပေါင်း(၁၇၁၅)ဦးတို့က လာရောက်ဖြေဆိုခဲ့ကြကြောင်း သိရှိရသည်။

 

IMG_2019


အထက-တနင်္သာရီတွင် ဖြေဆိုရန်စာရင်းရှိ ကျောင်းသား/ကျောင်းသူ(၆၃၈)ဦး၊ ဖြေဆို(၅၈၈)ဦး၊ ပျက်ကွက်(၅ဝ)ဦး၊ အထက-တကူတွင် စာရင်းရှိ(၆၁ဝ)ဦးရှိပြီး ဖြေဆို(၅၅၇)ဦး၊ ပျက်ကွက်သူ(၅၃)ဦး၊ အထက-ညောင်ပင်ကွင်းတွင် စာရင်းရှိ(၂၂၄)ဦး၊ ဖြေဆိုသူ(၂ဝ၇)ဦး၊ ပျက်ကွက်(၁၇)ဦးနှင့် အထက-မော်တုန်းတွင် စာရင်းရှိ(၄ဝ၂)ဦး၊ ဖြေဆိုသူ(၃၆၃)ဦး၊ ပျက်ကွက်(၃၉)ဦးဖြစ်ကြပြီး၊ မြို့နယ်ချုပ်စာရင်းမှာ ဖြေဆိုရန်စာရင်း (၁၈၇၄)ဦးရှိပြီး၊ ယနေ့လာရောက်ဖြေဆိုသူ (၁၇၁၅)ဦး ဖြစ်၍ ပျက်ကွက်ကျောင်းသားစာရင်းမှာ (၁၅၉)ဦးရှိသဖြင့် ဖြေဆိုမ ရာခိုင်နှုန်းမှာ (၉၁ ဒသမ ၅၂) ရှိပြီး ပျက်ကွက်ရာခိုင်နှုန်းမှာ(၈ ဒသမ ၄၈)ဖြစ်ကြောင်းနှင့် ယနေ့၌ အထက-တနင်္သာရီစာစစ်ဌာနတွင် ဖြေဆိုမည့် အထက(ခွဲ)မောတောင်ကျောင်းမှ အတွင်းဖြေကျောင်းသားတစ်ဦး လာရောက်ဖြေဆိုရန် ပျက်ကွက်ခဲ့ကြောင်း သင်္ချာဘာသာကို အေးချမ်းစွာဖြေဆိုခဲ့ကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။


နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)

 

IMG-ac4681