နေပြည်တော် ဇန်နဝါရီ ၂၄
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုး၊ ဦးဝင်းလှိုင်ဦးနှင့် ဦးသန်းဝင်းတို့ ဦးဆောင်သော အဖွဲ့သည် ယနေ့တွင် လူမှုဝန်ထမ်းဦးစီးဌာန ကြီးကြပ်မှု အောက်ရှိ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် ကက်သလစ်သီလရှင်လေးများ ဘိုးဘွားရိပ်သာသို့ သွားရောက်ကြည့်ရှု စစ်ဆေးကြသည်။
အဆိုပါအဖွဲ့သည် ကက်သလစ်သီလရှင်လေးများ ဘိုးဘွားရိပ်သာ၌ လက်ခံစောင့် ရှောက်ပေးလျက်ရှိသော ဘိုးဘွားများအား ရင်းရင်းနှီးနှီး လိုက်လံတွေ့ဆုံပြီး ကျန်းမာရေး စောင့်ရှောက်ပေးနေမှု၊ အစားအစာနှင့် အာဟာရ ဖြည့်ဆည်းကျွေးမွေးမှု၊ သန့်ရှင်းသော သောက်ရေနှင့်သုံးရေ ရရှိစေရန် ဆောင်ရွက်ပေးနေမှု၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်နိုင်မှု၊ ဘိုးဘွားအိပ်ဆောင်များ၊ ရေချိုးခန်း၊ သန့်စင်ခန်း၊ စားဖိုဆောင်များ၊ ကျန်းမာရေးနှင့် ညီညွတ်အောင် ဆောင်ရွက်ထားရှိမှု၊ အနားယူအပန်းဖြေရန် စီစဉ်ဆောင်ရွက်ပေးထားမှုနှင့် အသက် (၈၅)နှစ် ပြည့်ပြီးသော သက်ကြီး အဘိုး/အဘွားများအား လူမှုရေးပင်စင် ထောက် ပံ့ကြေးပေးမှု အခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ကာ စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို သင့်လျော်သကဲ့သို့ ဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနသို့ ကော်မရှင်ဥပဒေနှင့်အညီ အကြံပြုပေးပို့သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


