နေပြည်တော်၊ ဇန်နဝါရီ ၂၄

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၂၂ ရက် မွန်းလွဲ ၁၂ နာရီ မိနစ် ၂၀ တွင် မင်္ဂလာဒုံမြို့နယ်၊ ချစ်တီးကုန်းရပ်ကွက်၊ အောင်မင်္ဂလာ အဝေးပြေးကားဝင်းအတွင်းရှိ ကားဂိတ်တွင် TOYOTA PROBOX အမျိုးအစား  မော်တော်ယာဉ်နှင့် ပါဆယ်ပစ္စည်းလာရောက်ထုတ်ယူသူ အောင်ကျော်လင်း နှင့် မဇာဇာဖြိုး(ခ)မဇာ တို့အား စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၅၀,၀၀၀ ကိုလည်းကောင်း၊ ထို့ပြင် ယင်းနေ့ ညနေ ၅ နာရီခွဲတွင် ပူးပေါင်းအဖွဲ့သည် ကျိုင်းတုံမြို့နယ်၊ ပန်ကြူကျေးရွာအုပ်စု၊ ဝင်းဘိုကျေးရွာ အနီးတွင် အေးကျ မောင်းနှင်လာသည့် ဆိုင်ကယ်ကို စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၃၀,၀၀၀ ကိုလည်းကောင်းသိမ်းဆည်းရမိခဲ့သဖြင့်  ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)