သုံးခွ ဇန်နဝါရီ ၂၄
ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ် သိုက်တူးကန်ကျေးရွာ ကွင်းအမှတ် ၈၄၆ A၊ ဦးပိုင်အမှတ် ၇/၁ တောင်သူ ဦးမောင်မြင့်နှင့် တောင်သူ ၁၂ ဦးတို့၏ ပဲတီစိမ်း ဧက ၁၀၀ တစ်ကွင်းတစ်စပ် စံပြကွက် စိုက်ခင်းအား စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်းက ယမန်နေ့ မွန်းလွဲ ၁ နာရီက ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်းက တက်ရောက်လာသော တောင်သူများအား ပဲတီစိမ်းအထွက်နှုန်း ကောင်းစေရေး စိုက်ပျိုးစနစ်မှန်ကန်ရေး၊ ပိုးသတ်ဆေး ပက်ဖျန်းပုံနည်းစနစ်များ၊ မျိုးကောင်းမျိုးသန့် သုံးစွဲရေးနှင့် GAPစိုက်ပျိုးနည်းစနစ်မှန်ကန်စေရေး စသည်ဖြင့် ပြောကြားသည်။ သုံးခွမြို့နယ်၌ ပဲတီစိမ်း စိုက်ဧက ၁၃၉၅၇၆ ဧကရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
စည်သူလင်း(ပြန်/ဆက်)


