ရန်ကုန်၊ ဇန်နဝါရီ ၂၆

 

တရုတ်နှစ်သစ်ကူး ပျော်ပွဲရွှင်ပွဲနှင့် စျေးပွဲတော် ဖွင့်ပွဲ အခမ်းအနားကို ယနေ့ညနေ ပိုင်းတွင် ရန်ကုန်မြို့ လသာမြို့နယ် လမ်းမကြီးပေါ်၌ ကျင်းပသည်။

 

အခမ်းအနားကို ကျောက်တံတားခရိုင်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် တရုတ် ဘာသာရေး ဘုံကျောင်းများမှ တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး တရုတ် ရိုးရာယဉ်ကျေးမှု အကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးကြသည်။

 

တရုတ်နှစ်သစ်ကူး စျေးပွဲတော်တွင် အလှကုန်၊ လူသုံးကုန် ပစ္စည်းများနှင့် အစားအသောက်မျိုးစုံကို စုံလင်စွာ ရောင်းချပေးလျက်ရှိသည့်အပြင် ရိုးရာခြင်္သေ့အက၊ နဂါးအက အလှပြိုင်ပွဲများ၊ နာမည်ကျော် တေးသံရှင်များ၏ သီဆိုဖျော်ဖြေမှုများ၊ အပျော်စီးလှေ၊ ကလေးကစားကွင်းများနှင့် အလှဓာတ်ပုံရိုက်ရန် ဖန်တီးပေးထားသည့် အစီအစဉ်များ ပါရှိကြောင်းနှင့် အဆိုပါဈေးပွဲတော်ကို ဇန်နဝါရီ ၂၅ ရက်မှ ၃၁ ရက်အထိ ကျင်းပသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

 

ကိုကိုဇော်-MNA