ပြုံယမ်း ဇန်နဝါရီ ၂၆

 

မြောက်ကိုရီးယားနိုင်ငံသည် တာဝေးပစ်ဒုံးကျည်တစ်စင်းကို ဇန်နဝါရီ ၂၆ ရက်တွင် စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း အင်န်အိတ်ချ် ကေသတင်းအရ သိရသည်။ အမေရိကန်သမ္မအဖြစ် ထရမ့် စတင်တာဝန်ထမ်းဆောင်ချိန်တွင် ယခုကဲ့သို့ မြောက်ကိုရီးယားက တာဝေးပစ်ဒုံးကျည်များကို စမ်းသပ်ပစ်လွှတ်ခဲ့ခြင်းဖြစ် သည်။

 

ရေငုပ်သင်္ဘောပေါ်မှ ၎င်းတာဝေးပစ် ဒုံးကျည်တစ်စင်း စမ်းသပ်ပစ်လွှတ်မှုကို မြောက်ကိုရီးယား အာဏာရအလုပ်သမားပါတီ သတင်းစာ ရိုဒုန်ဆန်မန်က ယနေ့သတင်းဖော်ပြခဲ့သည်။ ၎င်းဒုံးကျည်များသည် အကွာအဝေး ကီလိုမီတာ ၁၅၀၀ အထိ ရောက်ရှိခဲ့ပြီး ပစ်မှတ်များကို တိုက်ရိုက်ထိမှန်ခဲ့ပုံကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ကြည့်ရှုစစ်ဆေးခဲ့သည်။ နိုင်ငံအတွင်း စစ်မက်အန္တရာယ် ကြုံတွေ့လာသည့်အချိန်တွင် ကာကွယ်ရန်အတွက် တပ်ဖွဲ့များ၏ စွမ်းရည်ကိုမြှင့်တင်ထားကြောင်း ကင်ကပြောကြားသည်။ ယခုဆောင်ရွက်သည့် ဒုံးကျည် ပစ်ခတ်မှုသည် အမျိုးသား ကာကွယ်ရေးအစီအမံအရ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

 

တောင်ကိုရီးယားနှင့် အမေရိကန် နိုင်ငံတို့၏ ယခုလအတွင်း ဆောင်ရွက်ခဲ့သည့် စစ်ရေးလေ့ကျင့်မှုအား ရှုတ်ချကြောင်းနှင့် အမေရိကန်၏ ခြိမ်းခြောက်မှုများကို ရင်ဆိုင်တွန်းလှန်သွားမည်ဟု မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ဌာနက ပြောကြားသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-စိုးသူရ