ဂျေရုဆလင် ဇန်နဝါရီ ၂၆
ဂါဇာဒေသအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အား အစ္စရေးက ချိုးဖောက်နေကြောင်း ဟားမတ်စ် အဖွဲ့က ပြောကြားခဲ့သည်။ အစ္စရေးတာဝန်ရှိသူများက ဂါဇာတောင်ပိုင်းရှိ နေရပ်စွန့်ခွာသူများအား ဂါဇာမြောက်ပိုင်းရှိ နေရင်းဒေသများသို့ ပြန်လာ၍အခြေချနေထိုင်ခွင့်မပြုခြင်းသည် ဂါဇာဒေသ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်ခြင်းပင်ဖြစ်ကြောင်း ဟားမတ်စ် အဖွဲ့က ထပ်လောင်းပြောကြားခဲ့သည်။
အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အရ လွှတ်ပေးရန်ကျန်ရှိသည့် အစ္စရေးနိုင်ငံသား အဗေလ် ယာတ်ကို မလွှတ်ပေးမချင်း ဂါဇာဒေသမြောက်ပိုင်းသို့ဒေသခံများအား ပြန်လာခွင့်ပြုမည်မဟုတ်ကြောင်း အစ္စရေးကလည်း တုံ့ပြန်ပြောကြားခဲ့သည်။
အစ္စရေးနှင့် ဟားမတ်စ်အကြား အပစ်အခတ် ရပ်စဲရေးသဘောတူညီချက်အရ အရပ်သားများကို ပထမဆုံး လွှတ်ပေးရမည်ဖြစ်သည်။
ကိုးကား-တက်စ်သတင်းဌာန
ဘာသာပြန်-စိုးသူရ