ဇန်နဝါရီ ၂၇

အစ္စရေးနှင့် လက်ဘနွန်နိုင်ငံရှိဟစ်ဇ်ဘိုလာတို့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် ဖေဖော်ဝါရီလ ၁၈ ရက်နေ့အထိဆက်လက်တည်ရှိမည်ဟု အမေရိကန်နိုင်ငံကဆိုသည်။

အမေရိကန်နိုင်ငံက နှစ်နိုင်ငံအပစ်အခတ်ရပ်စဲရေးညှိနှိုင်းဆောင်ရွက်ပေးပြီးစောင့်ကြည့်လျက်ရှိသည်ဟုသိရသည်။ အစ္စရေးနှင့် ဟစ်ဇ်ဘိုလာတပ်များ နယ်မြေမှ ဆုတ်ခွာသွားခြင်းကြောင့် လွန်ခဲ့သောနှစ် နိုဝင်ဘာလက စတင်အသက်ဝင်ခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် လက်ဘနွန်စစ်တပ်ကို နိုင်ငံတောင်ပိုင်းတွင် ရက်ပေါင်း ၆၀ အတွင်း တပ်ဖြန့်ရန် တောင်းဆိုထားသည်။

သို့ရာတွင် လက်ဘနွန်ဘက်မှ သဘောတူညီချက်ကို ပြည့်စုံမှုမရှိဟုဆိုကာ အစ္စရေးတပ်ဖွဲ့ဝင်များ ဆက်လက်ထားရှိခဲ့သည်။ ထိုအပစ်အခတ်ရပ်စဲရေးကိုဆက်လက်ထိန်းသိမ်းထားနိုင်မှုရှိ၊ မရှိနှင့်ပတ်သက်ပြီး စိုးရိမ်မှုများမြင့်တက်လျက်ရှိသည်။

ကိုးကား- အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို