၈ မတ်

 

သြစတြေးလျး၊ ကနေဒါနဲ့ နယူးဇီလန်နိုင်ငံတွေရှိ ရေဒီယိုအသံလွှင့်ဌာနတွေက မိုက်ကယ်ဂျက်ဆင်ရဲ့ သီချင်းတွေကို ထုတ်လွှင့်ရန် ရပ်ဆိုင်းထားကြောင်း သိရပါတယ်။ မိုက်ကယ်ဟာ ကလေးသူငယ်တွေကို လိင်စော်ကားမှု ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲမှုတွေ ရှိနေတဲ့အတွက် ပေါ့တေးဂီတဘုရင်ရဲ့ သီချင်းတွေကို လူထုဆန္ဒအရ လေလှိုင်းမှာ မလွှင့်ထုတ်တာဖြစ်တယ်လို့ ဆစ်ဒနီရှိ နိုဗာဖျော်ဖြေရေးက ကြာသပတေးနေ့က ပြောကြားပါတယ်။ 

 

အခုလို ဖြစ်လာတာဟာ အမေရိကန်နိုင်ငံကမှတ်တမ်းရုပ်ရှင် "Leaving Neverland" လွှင့်ထုတ်ပြီးနောက်ပိုင်း အမျိုးသားနှစ်ဦးက သူတို့ကို မိုက်ကယ်က လိင်ပိုင်းဆိုင်ရာ စော်ကားမှု ကျူးလွန်ခဲ့ကြောင်း ထုတ်ဖော်ပြောကြား ပါတယ်။ 

 

အမျိုးသားနှစ်ဦးဖြစ်တဲ့ ဝိုက်ရောဘင်ဆင် နဲ့ ဂျိမ်းစ် ဆေ့ချက် တို့ဟာ သူတို့ အသက် ၇ နှစ်နဲ့ ၁၀ နှစ်အရွယ်မှာ မိုက်ကယ်ရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို ခံခဲ့ရကြောင်း ပြောပါတယ်။ 

 

နယူးဇီလန်နိုင်ငံက ရေဒီယိုအသံလွှင့်ရုံကြီး နှစ်ခုဖြစ်တဲ့ MediaWorks နဲ့ NZME တို့မှာလည်း မိုက်ကယ်ဂျက်ဆင်ရဲ့ သီချင်းတွေကို အခုရက်ပိုင်းအတွင်းမှာ မလွှင့်ဖြစ်ဘူးလို့ သိရပါတယ်။ 

 

"Leaving Neverland" ကို ဗြိတိန်ရှိ ဘီဘီစီက မူလက ဗုဒ္ဓဟူးနဲ့ ကြာသပတေးနေ့မှာ ထုတ်လွှင့်ရန် စီစဉ်ထားပေမယ့် အခုတော့ အခွေကို စင်ပေါ်ပြန်တင်ထားလိုက်ပြီလို့ ပြောပါတယ်။ 

 

မိုက်ကယ်ဂျက်ဆင်ရဲ့ ဘဝတစ်လျှောက်မှာ အခုလို စွပ်စွဲခံရမှုတွေ ခံခဲ့ရပေမယ့် စွပ်စွပ်မှုတွေက ကြာရှည်မခံခဲ့တာကို တွေ့ရပါတယ်။ 

 

မိုက်ကယ်သေဆုံးပြီး ၁၀ နှစ်ကြာပြီးနောက်မှာ အခုလို စွပ်စွဲမှု တစ်ဖန်ထွက်ပေါ်လာတာဖြစ်ပါတယ်။ 

 

MDN
ကိုးကား - AFP